Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
အားကစားကို စိတ်မပျက် လက်မလျှော့ဘဲ အမြဲမပြတ်ဆက်လုပ်နေဖို့ U-Reporter လူငယ်တစ်ဦးမှ အမြင်များပြန်လည်မျှဝေထားပါတယ်

ကျွန်တော်က ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဗိသုကာပညာသင်ကြားနေတဲ့ စတုတ္ထနှစ်ကျောင်းသားတစ်ယောက်ပါ။ ကျွန်တော်သင်ယူနေတဲ့ မေဂျာက ပုံတွေဆွဲရတယ်။ studio ခန်းထဲမှာထိုင်ပြီး တွေးနေရတယ်။ laptop ကိုပဲ သုံး၊လေးရက်ဆက်တိုက် ထိုင်သုံးနေရတယ်။ အဲ့လိုနေ့ရက်မျိုးတွေများတော့ ကျွန်တော့်ရဲ့ ပထမနှစ်နဲ့ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားဘဝမှာ ကိုယ်လက်လှုပ်ရှား အားကစားကို လိုက်စားတယ်ဆိုတာ မရှိသလောက်နည်းတယ်။

အဲ့တော့နောက်ပိုင်းမှာ ကျွန်တော့်ကို ကျွန်တော်ပြန်ဆန်းစစ်ဖြစ်တယ်။ ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားရှိအောင် လေ့ကျင့်ခန်းတွေလုပ်ဖို့ အသိဝင်လာတယ်။ တကယ်လည်း အကောင်အထည်ဖော်ဖြစ်အောင် ကျွန်တော်ကြိုးစားခဲ့တယ်။

တကယ့်လက်တွေ့အကောင်အထည်ဖော်ရာမှာ အချိန်မရှိတာ၊ တူတူကစားဖို့ သူငယ်ချင်းမရှိတာ စတဲ့အကြောင်းပြချက်တွေအများကြီးပေါ်လာတယ်။ အဲ့ဒီအကြောင်းပြချက်တွေအတိုင်းသာ ကျွန်တော်မျောနေမယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုဆိုတာ ရှိလာမှာမဟုတ်တော့ဘူး။ ဒါ့ကြောင့် ကျွန်တော့်အနီးအနားမှာရှိတဲ့ အားကစားမှန်သမျှကို ကျွန်တော်စိတ်ပါပါလုပ်နိုင်အောင် ကြိုးစားတယ်။

ကျွန်တော် gym ဆော့ခဲ့တဲ့ ရက်တွေရှိတယ်။ 
တစ်ခါတစ်လေ သထုံကွင်း သွားပြီး ကြက်တောင်ရိုက်ဖြစ်တယ်။
paint ball တို့ laser arena တို့လို အများနဲ့စုပေါင်းလှုပ်ရှားရတာမျိုးတွေလည်း လုပ်ဖြစ်တယ်။
ဆောင်းတွင်းမနက်ခင်းတွေဆို ကန်တော်ကြီး ဒါမှမဟုတ်၊ အင်းလျားကန်ဘောင်မှာ လမ်းလျှောက်တယ်။ တတ်နိုင်သလောက် ပြေးတယ်။ သူငယ်ချင်းတွေနဲ့အတူလည်း တောင်တက်ဖြစ်တယ်။
အခုဆို ညနေဘက်တိုင်း ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျောင်းမှာလည်း ဘောလုံး training ဆင်းတယ်။

တကယ်တော့ အားကစားတစ်ခုကို လိုက်စားတယ်ဆိုတာ ကျွမ်းကျင်အဆင့်ထိလည်း ရောက်စရာမလိုပါဘူး။ ကျွန်တော်တို့လို လူငယ်တွေအတွက်ကျတော့ အားကစားဟာ ကျန်းမာရေးအတွက်ဖြစ်တာကြောင့် အဓိကကတော့ စိတ်မပျက် လက်မလျှော့ဘဲ အမြဲမပြတ်ဆက်လုပ်နေဖို့ပါပဲ။

U-Reporter လူငယ်တွေရဲ့ အားကစားပြုလုပ်ခြင်းအပေါ်မြင်တဲ့ သဘောထားစစ်တမ်းအဖြေအပြည့်အစုံကို ဤနေရာတွင်ကြည့်နိုင်ပါသည်။ 

U-Report အစီအစဉ်အကြောင်းကို ပိုမိုသိရှိလိုပါသလား?

www.ureportmyanmar.in  သို့ဝင်ရောက်ကြည့်ရှုနိုင်ပြီး လူမှုကွန်ယက်စာမျက်နှာတွင်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။www.facebook.com/UReportMyanmar  


အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo