U-Report အကြောင်းသိကောင်းစရာ
U-Reportသည်အများပြည်သူစိတ်ဝင်စားသောအကြောင်းအရာများ၊ လူငယ်များအလေးထားသောအကြောင်းအရာများကို လူငယ်များကိုယ်တိုင်ပါဝင်ဆွေးနွေးနိုင်ရန်ဖန်တီးထားသောအခမဲ့အစီအစဉ်တစ်ခုဖြစ်ပါသည်။
ပိုမိုသိရှိရန် အောက်ကိုဆက်ဖတ်ကြည့်ပါ

U-Report အကြောင်းသိကောင်းစရာ

U-Reportသည်လူငယ်လူရွယ်များနှင့် သက်ဆိုင်သော ကိစ္စများကို ဖော်ထုတ်ရန် ရည်ရွယ်ထားသည့် အခမဲ့အစီအစဉ်တစ်ခုဖြစ်ပြီး လူထုကပူးပေါင်းပါဝင်နိုင်ပါသည်။ မေးခွန်းများကို SMS များကတဆင့် U-Report အစီအစဉ်တင်ွပါဝင်သူများကို ပေးပို့မှာဖြစ်ပြီး ပြန်လည်ဖြေကြားချက် သတင်းအချက် အလက်များကိုလည်း အချိန်နှင့်တပြေးညီ စုစည်းသွားမှာ ဖြစ်ပါတယ်။

အဖြေများနှင့်စိတ်ကူးများကိုU-Reportအစီအစဉ်တင်ွပါဝင်သူများ အားပြန်လည်အသိပေး သွားမှာဖြစ်ပါတယ်။ မေးခွန်းများသည် ကျန်းမာရေး၊ ပညာရေး၊ ရေ၊တကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့် ရှင်းရေး၊ လူငယ်များ၏အလုပ်လက်မဲ့ အခြေအနေ၊ အိပ်ခ်ျအိုင်ဗီ၊အေအိုင်ဒီအက်စ်၊ အခြားဖြစ်ပေါ်နေသော ရောဂါများနှင့် ပတ်သတ်သော မေးခွန်းများကိုမေးခဲ့ပြီးဖြစ်ပါသည်။ ရရှိလာသော အချက်အလက်များကို အသက်၊ ကျားမ၊ ပြည်နယ်၊ ရပ်ကက်ွအဆင့်ထိ အချိန်နှင့်တပြေးညီပိုင်းခြားသတ်မှတ်နိုင် ပါသည်။အစီအစဉ်တင်ွပါဝင်ခြင်းမှာမိမိသဘောဆန္ဒအလျောက် ဖြစ်ပြီး အသုံးပြုသူအားလုံးအတကွ အ် ခမဲ့ ဖြစ်ပါသည်။

U-Reportသည် ရပ်ရွာဦးဆောင်သည့်ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံသားများအတူပူးပေါင်းပါဝင်ရေးနှင့် အပြုသဘော ဆောင်သော ပြောင်းလမှဲုများ ဖြစ်ပေါ်ရန်အားဖြည့်ကူညီပေး ထားသည်။ ဤအစီအစဉ်သည် မိမိသဘောအလျောက် လပ်ွလတ်စွာပါဝင်၊လွတ်လပ်စွာထက်ွသွားနိုင်ပြီးမိမိတို့ရပ်ရွာ အသိုင်းအ၀ိုင်းတငွ် ဖြစ်ပေါ်လျက်ရှိသောကိစ္စများနှင့် ပတ်သတ်သည့်သတင်းအချက် အလက်များကိုပေးပို့ကြသော လူငယ်များအပေါ်တွင် မှီခိုအားထားသည်။ မိမိတို့ ရပ်ရွာအသိုင်းအ၀ိုင်းတင်ွမည်သည်တို့ဖြစ်ပျက်နေသည်နှင့် ပတ်သတ်၍ နိုင်ငံသားများအနေဖြင့် ပြောကြား ခွင့်ရခြင်း၊ ၎င်းတို့ နေထိုင်ရာနယ်မြေ ဒေသနှင့်နိုင်ငံအဆင့် မီဒီယာများမှတဆင့် မိမိတို့အသံများကိုကြားစေခြင်း၊ နယ်မြေ ဒေသအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများကို ထိုရပ်ရွာ နယ်မြေ ဒေသရှိပြည်သူများရင်ဆိုင်နေရသည်များကိုသတိပြု အရေးယူ ဆောင်ရွက်နိုင်ရန် အသိပေးနိုင်ခြင်းနှင့် အရေးပါအသုံးဝင်သော

သတင်းအချက်အလက်များကို U-Report တင်ွပါဝင်သူ များကိုပြန်လည်အသိပေး အကြောင်းကြားခြင်း စသည်တို့ ကို U- Report အစီအစဉ်ကဆောင်ရွက်ပေးသည်။ သို့မှသာ ပြည်သူများအနေဖြင့် မိမိရပ်ရွာဒေသဖွံ့ဖြိုးရေးလုပ် ငန်းများတငွ် ကိုယ်တိုင်တတပ်တအားပါဝင်နိုင်ပြီး အပြုသဘောဆောင်သော ပြောင်းလမှဲုများကိုဆောင်ရွက်နိုင်သည့်အင်အားနှင့်စွမ်းရည်များ ရရှိလာမည်ဖြစ်သည်။ 


Facebook
facebook.com/UReportMyanmar
U-Reportအစီအစဉ်တွင် ဘာကြောင့်ပါဝင်သင့်သလဲဆိုတော့
  • သင်နေထိုင်ရာ ရပ်၇ွာတွင် ဘာတွေဖြစ်နေသလဲဆိုတာကို လွတ်လပ်စွာ ပြောကြားခြင်း
  • Use U-Report results and information to update and increase citizen's awareness
  • နိုင်ငံနှင့်အ၀ှမ်းကျင်းပသော လှုပ်ရှားမှုများတွင် ပါဝင်ခြင်းအားဖြင့် သင့်တိုင်းပြည် တိုးတက်အောင် ကူညီပေးနိုင်ခြင်း
  • Share what's happening around Myanmar with other U-Reporters
ပူးပေါင်းပါဝင်ရန် သည်နေရာတွင်နှိပ်ပါ →

လူငယ့်အသံနှင့်ပတ်သတ်သော ဗီဒီယိုများ

U-REPORT MYANMAR INTRO
AUG. 31, 2016