Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
လူငယ်များနှင့်မတ်(စ်)တပ်ခြင်းအလေ့

မတ်(စ်)တပ်ရာတွင် အလေ့အကျင့် ဖြစ်/မဖြစ်၊ စိုးရိမ်မှု ရှိ/မရှိနှင့် ပတ်သတ်၍ U-Report Myanmar ကနေပြီးတော့ သြဂုတ်လ (၁) ရက်နေ့မှာ poll မေးခွန်းလေးမေးခဲ့ပြီး U-Reporter (၅၀၂၅) ‌ယောက် ကပါဝင်ဖြေဆိုခဲ့ကြပါတယ်။ ဖြေဆိုသူတွေရဲ့ (၆၁) ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေဖြစ်ကြပြီး (၃၉) ရာခိုင်နှုန်းကတော့ အမျိုးသားတွေဖြစ်ပါတယ်။ 


၁။ သူငယ်ချင်းရဲ့ပတ်ဝန်းကျင်မှာ လူကြားထဲသွားရင် မတ်(စ်) (mask) တပ်ဖို့ လိုအပ်ပါသလား

ဖြေဆိုသူ (၉၀) ရာခိုင်နှုန်းက မတ်(စ်)တပ်ရန် အခုအချိန်ထိ လိုအပ်နေပါတယ်လို့ ဖြေဆိုထားပါတယ်။ ရန်ကုန်မှ ဖြေဆိုသူ (၉၄) ရာခိုင်နှုန်းကတော့ မတ်(စ်)တပ်ရန် အခုအချိန်ထိ လိုအပ်နေပါတယ်လို့ ဖြေဆိုထားကြပြီး ကျန်ပြည်နယ်၊တိုင်းဒေသကြီးများ မှဖြေဆိုသူများထက် ရာခိုင်နှုန်းအများဆုံးဖြစ်ပါတယ်။ မတ်(စ်)တပ်ဖို့ မလိုအပ်တော့ဘူးလို့ ဖြေဆိုသူတွေကတော့ ကရင်ပြည်နယ်မှာ ရာခိုင်နှုန်းအရ အများဆုံးဖြစ်ပြီး (၁၂) ရာခိုင်နှုန်းရှိပါတယ်။ ရခိုင်ပြည်နယ်မှ ဖြေဆိုသူ (၆) ရာခိုင်နှုန်းကတော့ မတ်(စ်)တပ်ဖို့က လုံးဝမလိုအပ်ခဲ့ပါဘူးဆိုပြီးဖြေဆိုထားတာကိုတွေ့ရပါတယ်။ 


၂။ သူငယ်ချင်းအနေနဲ့ ထိုစည်းကမ်းချက်/လမ်းညွှန်ချက်တွေကို လိုက်နာနေပါသလား?
 ဖြေဆိုသူ ဖြေဆိုသူ ၁၀ ယောက်မှာ ၉ ယောက်က စည်းကမ်းချက်များကို လိုက်နာနေပါတယ်လို့ ဖြေဆိုထားပြီး အမျိုးသမီးများက အမျိးသားများထက် ပို၍ စည်းကမ်းလိုက်နာကြောင်းတွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှ ဖြေဆိုသူ (၉၃) ရာခိုင်နှုန်းကတော့ မတ်(စ်)တပ်ရန် စည်းကမ်းချက်/လမ်းညွှန်ချက်များကို လိုက်နာနေကြပါတယ်လို့ ဖြေဆိုကြပြီး အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ ထက် အများဆုံးဖြစ်တာကိုတွေ့ရပါတယ်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ဖြေဆိုသူ (၂၂) ရာခိုင်နှုန်းကတော့ လိုက်နာမှုမရှိကြောင်း ဖြေဆိုထားကြပါတယ်။ 

၃။ သူငယ်ချင်းအနေနဲ့ မတ်(စ်) မတပ်ဖြစ်ဘူးဆိုရင် ဘာကြောင့် မတပ်ဖြစ်တာလဲ
ဖြေဆိုသူ (၆)ရာခိုင်နှုန်းက မတ်(စ်)တပ်ရတာ သက်တောင့်သက်သာ မရှိလို့ မတပ်ဖြစ်ပါဟု ဖြေဆိုထားပါတယ်။ ဖြေဆိုသူ ၁၀ ယောက်မှာ ၁ ယောက်ကတော့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေမတပ်လို့ သူလဲမတပ်ပါဘူးလို့ ဖြေဆိုပါတယ်။ 


၄။ သူငယ်ချင်းအနေနဲ့ မတ်(စ်)တပ်တာ ဘယ်လောက်ထိ အရေးကြီးတယ်လို့ ထင်လဲ
ဖြေဆိုသူ (၉၂) ရာခိုင်နှုန်းက မတ်(စ်)တပ်တာ အရမ်းအရေးကြီးတယ်လို့ ဖြေဆိုထားပါတယ်။ မတ်(စ်)တပ်တာ အရမ်းအရေးကြီးတယ်လို့ အသက် (၃၁-၃၄)နှစ်ကြား U-Reporter (၉၈) ရာခိုင်နှုန်းက ဖြေဆိုထားပြီး ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ   U-Reporter (၉၆) ရာခိုင်နှုန်းကလဲ ထိုသို ဖြေဆိုထားတာ တွေ့ရပါတယ်။  


၅။ မတ်(စ်)တပ်တဲ့အခါ ဘယ်လိုခံစားရလဲ 

ဖြေဆိုသူ (၅၇) ရာခိုင်နှုန်းက မတ်(စ်)တပ်တဲ့အခါ အကာအကွယ်ပေးတယ်လို့ ခံစားရပါတယ်လို့ ဖြေဆိုထားပါပြီး (၃၄) ရာခိုင်နှုန်းကတော့ မတ်(စ်)တပ်ရတာ သက်တောင့်သက်သာမရှိကြောင်းဆိုပါတယ်။ 


၆။ သူငယ်ချင်းအနေနဲ့ အခြားသူတွေ မတ်(စ်)တပ်ခြင်း၊ မတပ်ခြင်းက ဘယ်လောက်ထိ အရေးကြီးလဲ

 ဖြေဆိုသူ (၈၈)ရာခိုင်နှုန်းက အခြားလူများ မတ်(စ်)တပ်ခြင်း၊ မတပ်ခြင်းက အရမ်းအရေးကြီးပါတယ်လို့ ဖြေဆိုထားပါတယ်။ (၁၁)ရာခိုင်နှုန်းကတော့ သိပ်အရေးမကြီးကြောင်းပြောပြပါတယ်။ 


၇။ သူငယ်ချင်းအနေနဲ့ ဘယ်နေရာတွေမှာမတ်(စ်)တပ်လဲ 
ဖြေဆိုမှုရလဒ်များအရ အိမ်ထဲမှာ နေထိုင်တဲ့အခါ မတ်(စ်)သိပ်ပြီး မတပ်ဖြစ်ဘဲ အိမ်အပြင်ထွက်ရတဲ့ အလုပ်သွားခြင်း၊ စျေးဝယ်ထွက်ခြင်း၊ သူငယ်ချင်းတွေနဲ့အပြင်မှာတွေ့ခြင်းတို့မှာတော့ မတ်(စ်)ကိုပိုမိုတပ်ဖြစ်ကြောင်းတွေ့ရပါတယ်။ ဖြေဆိုသူ (၁၆)ရာခိုင်နှုန်းကတော့ စျေးဝယ်ထွက်တဲ့အခါမှာ မတပ်ဖြစ်ဖူးလို့ဖြေဆိုထားတာကိုတွေ့ရပါတယ်။ အမျိုးသားများက ၅ ယောက်မှာ ၁ ယောက်က စျေးဝယ်တဲ့အခါ မတ်(စ်)မတပ်ပါဟု ဖြေဆိုထားပြီး ထိုကဲ့သို့ဖြေဆိုသော အမျိုးသမီးကတော့ (၁၃) ရာခိုင်နှုန်းပဲရှိပါတယ်။ ဖြေဆိုသူတွေရဲ့ ၁၀ ယောက်မှာ ၇ ယောက်က အသက်ကြီးတဲ့ မိသားစုဝင်တွေအား တွေ့ဆုံတဲ့ အခါ မတ်(စ်)မတပ်ဘူးလို့ဖြေဆိုထားတာကိုလဲတွေ့ရပါတယ်။


၈။ သူငယ်ချင်းအနေနဲ့ လူကြားထဲသွားတဲ့အခါ မတ်(စ်)ကို
ဖြေဆိုသူ (၅၄) ရာခိုင်နှုန်းကတော့ လူကြားထဲသွားတဲ့အခါ မတ်(စ်)ကို အမြဲတမ်းတပ်ဖြစ်ပါတယ် လို့ဖြေဆိုကြပြီး (၄၁) ရာခိုင်နှုန်းကတော့ များသောအားဖြင့် တပ်ဖြစ်တဲ့အကြောင်း ဖြေထားပါတယ်။ အသက်အရွယ်ကြီးသူများက အသက်ငယ်သူများထက် အမြဲတမ်းတပ်ဖြစ်ကြောင်း ပိုမိုဖြေဆိုထားတာကိုလဲတွေ့ရပါတယ်။ 


၉။ သူငယ်ချင်းအနေနဲ့ ဘာမတ်(စ်) အမျိုးအစားတွေ တပ်ဖြစ်လဲ
ဖြေဆိုသူ ၄ ယောက်မှာ ၃ ယောက်က ခွဲစိတ်ခန်းသုံးမတ်(စ်)ကို အသုံးပြုတယ်လို့ ဖြေဆိုပြီး ကိုယ်တိုင်ချုပ်ပြီး အသုံးပြုတာကတော့ (၁၇) ရာခိုင်နှုန်းရှိပါတယ်။


၁၀။ မတ်(စ်)ကို အသုံးပြုပြီးရင် ဘယ်လိုထိန်းသိမ်းဖြစ်လဲ
ဖြေဆိုသူ ၄ ယောက်မှာ ၃ ယောက်လောက်ကတော့ အသုံးပြုပြီးသား မတ်(စ်)ကို စနစ်တကျစွန့်ပစ်ပါတယ်လို့ ဖြေဆိုထားပြီး (၂၃)ရာခိုင်နှုန်းကတော့ လျှော်ပြီးပြန်သုံးပါတယ်လို့ ပြောပါတယ်။


၁၁။ သူငယ်ချင်းရဲ့ မတ်(စ်)ကို ဘယ်ကရခဲ့တာလဲ

ဖြေဆိုသူ ၄ ယောက်မှာ ၃ ယောက်က မတ်(စ်)ကို ကိုယ့်ဘာသာဝယ်တယ်လို့ ဖြေဆိုထားပြီး (၁၈) ရာခိုင်နှုန်းကတော့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေဆီကနေ ရရှိတယ်လို့ဖြေဆိုကြပါတယ်။


 ၁၂။ မတ်(စ်)ကို ဘယ်နေရာက ဝယ်ခဲ့တာလဲ
ဖြေဆိုသူ ၅ ယောက်မှာ ၄ ယောက်က အနီးနားရှိဆိုင်တွေကနေ မတ်(စ်)ကိုဝယ်ယူပါတယ်လို့ဖြေဆိုပြီး အွန်လိုင်းမှဝယ်ယူသူကတော့ (၇) ရာခိုင်နှုန်းသာရှိပါတယ်။ 


Result အပြည့်အစုံကိုတော့ ဒီမှာ download ရယူနိုင်ပါတယ် (LINK) 

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo