Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
နေ့စဥ်ဘဝမှာခပ်ခွာခွာနေခြင်းကိုလိုက်နာနေကြသေးလား?

မြန်မာနိုင်ငံမှာ ကိုဗစ်လူနာစတွေ့တာ ကတည်းက အစိုးရအနေနဲ့ တင်းကြပ်တဲ့ စည်းမျဥ်းတွေနဲ့ ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခုတလောမှာတော့ ထိုစည်းမျဥ်းတွေကို တဖြည်းဖြည်းဖြေလျော့ပေးခဲ့ပါတယ်


New normal ဘဝမှာကော social distancing ကိုလိုက်နာနေကြသေးလားကိုသိရဖို့ U-Report ကနေပြီးတော့ ဇွန်လ ၁၃ ရက်နေ့မှာ poll မေးခွန်းလေးမေးခဲ့ပြီး ဖြေဆိုသူလူဦးရေ (၆၄၂၈) ယောက်ရှိခဲ့ပါတယ် 


ဖြေဆိုသူတွေရဲ့ ၆၅ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေဖြစ်ကြပြီး ၃၅ ရာခိုင်နှုန်းကတော့ အမျိုးသားတွေဖြစ်ပါတယ် 

(အချက်အလက်အသေးစိတ်ကိုသိချင်ရင်တော့ ဒီ link ထဲမှာ full report ကိုဖတ်ရှုနိုင်ပါတယ်) 


1.‌ နေ့‌‌စဥ်ဘဝမှာ ခပ်ခွာခွာနေဖို့ သူငယ်ချင်း အနေနဲ့ အခက်အခဲရှိပါသလား? 

A. မရှိပါဘူး

B. နည်းနည်းတော့ ခက်ခဲတယ်

C. တော်တော် ခက်ခဲပါတယ်

ဖြေဆိုသူ (၅၄ ရာခိုင်နှုန်း) ကတော့ အခက်အခဲရှိတယ်ဆိုတဲ့အကြောင်းပြောပါတယ်။ တည်နေရာအရပြောမယ်ဆိုရင် ရခိုင် နဲ့ စစ်ကိုင်းမှာရှိတဲ့ ဖြေဆိုသူတွေရဲ့ (၆၃ ရာခိုင်နှုန်း) က နေ့‌‌စဥ်ဘဝမှာ ခပ်ခွာခွာနေဖို့ ဖြေဆိုပြီး ထိုရာခိုင်နှုန်းဟာ တခြား ပြည်နယ်/တိုင်း နဲ့ယှဥ်မယ်ဆိုရင် အများဆုံးဆိုတာကိုတွေ့ရပါတယ် 


2. ခုချိန်မှာ ခပ်ခွာခွာနေခြင်း (Social /Physical Distancing) ကို လိုက်နာဖို့ လိုအပ်နေသေးတယ်

လို့ ထင်ပါသလား?

A. လုံးဝမလိုအပ်တော့ပါ

B. သိပ်မလိုအပ်တော့ပါ

C. လိုအပ်နေသေးတယ်

D. လုံးဝလိုက်နာဖို့ လိုအပ်တယ်

ဖြေဆိုသူ ၁၀ ယောက်မှာ ၆ ယောက်က လိုအပ်နေပါသေးတယ်လို့ဖြေဆိုခဲ့ပြီး (၂၇ ရာနှုန်း) ကတော့ လုံးဝလိုက်နာသင့်တယ် ဆိုပြီး ဖြေကြားထားပါတယ်။ ချင်းပြည်နယ်မှ ဖြေဆိုသူ ၁၀ ယောက်မှာ ၂ ယောက် ကတော့ လိုက်နာဖို့မလိုဘူးဆိုပြီး ထင်မြင်ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှ ဖြေဆိုသူ (၉၂ ရာခိုင်နှုန်း) ကတော့  ခပ်ခွာခွာနေခြင်း ကို လိုက်နာသင့်သေးကြောင်း ဖြေဆိုထားပြီး ရာခိုင်နှုန်းအနေဖြင့် အများဆုံးဖြစ်ပါတယ် 


3.သူငယ်ချင်း အနေနဲ့ ခပ်ခွာခွာနေခြင်း(Social /Physical Distancing)ကို လိုက်နာဖို့ ဘာကြောင့်လိုအပ်တယ်လို့ ထင်ပါသလဲ။

A. အစိုးရက ချမှတ်ထားလို့

B. ကိုယ့်မိသားစုကို ရောဂါ ကူးစက်မှာ ကြောက်လို့

C. ရောဂါကူးစက်မှုကို လျှော့ချနိုင်ဖို့

D. အထက်ပါ အားလုံး

E. အခြား

ဖြေဆိုသူ (၄၄ ရာခိုင်နှုန်း) ကတော့ ရောဂါကူးစက်မှုကို လျော့ချနိုင်ဖို့ လိုက်နာသင့်တယ်လို့ဖြေပြီး (၅ ရာခိုင်နှုန်း)ကတော့ မိသားစုကို မကူးစက်စေဖို့ လိုပါတယ်လို့ ဖြေပါတယ်။ အစိုးရက ချမှတ်ထားဖို့လိုက်နာသင့်တယ်လို့ဖြေတာက တော့ ဖြေဆိုသူရဲ့ (၁ ရာခိုင်နှုန်း) ပဲရှိတာကိုတွေ့ရပါတယ်


4.အခုရက်ပိုင်းအတွင်း သူငယ်ချင်း ရဲ့ ရပ်ကွက်၊ပတ်ဝန်းကျင်မှာ ခပ်ခွာခွာနေခြင်း(Social /Physical Distancing) ကို လိုက်နာကြသေးလား။

A. သိပ်မလိုက်နာကြတော့ဘူး

B. အတော်အသင့် လိုက်နာပါသေးတယ်

C. အပြည့်အ၀ လိုက်နာနေကြတယ်

ဖြေဆိုသူ ၁၀ ယောက်မှ ၆ ယောက်က သူတို့ရဲ့ ရပ်ကွက်၊ပတ်ဝန်းကျင်မှာ ခပ်ခွာခွာနေခြင်းကို လိုက်မနာကြတော့ဘူးဆိုပြီးဖြေထားတာကိုတွေ့ရပါတယ်။ ရန်ကုန်မှ ဖြေဆိုသူတွေက  ခပ်ခွာခွာနေခြင်း ကို လိုက်နာသင့်သေးကြောင်းကို အများဆုံး (၉၂ ရာခိုင်နှုန်း) ဖြေဆိုထားပေမယ့် ဖြေဆိုသူတွေရဲ့ (၃၄ ရာခိုင်နှုန်း) ကပဲ ရပ်ကွက်၊ပတ်ဝန်းကျင်မှာ ခပ်ခွာခွာနေခြင်းကိုလိုက်နာနေကြတယ်ဆိုပြီး ဖြေဆိုကြပါတယ်။ 


5. သူငယ်ချင်းပတ်ဝန်းကျင်မှာ ခပ်ခွာခွာနေခြင်း(Social /Physical Distancing)ကို စနစ်တကျမလိုက်နာတဲ့နေရာတွေက....

A. ရင်းနှီးသူတွေနဲ့တွေ့တဲ့နေရာတွေမှာ 

B. လူမှုရေးပွဲတွေမှာ

C. စားသောက်ဆိုင်တွေမှာ

D.  အများပြည်သူသုံးယာဉ်တွေပေါ်မှာ

E. ဈေးတွေမှာ

F. ဘာသာရေးအခမ်းအနားတွေမှာ

G. အထက်ပါအားလုံး

H. အခြား

ဖြေဆိုသူ ၄ ယောက်မှာ ၁ ယောက်က ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ဆိုရင် စနစ်တကျမလိုက်နာဖြစ်ဘူးလို့ဖြေဆိုကြပြီး (၁၅ ရာခိုင်နှုန်း) ကတော့ စျေးတွေဆိုပြီး ဖြေကြပါတယ်။ ဖြေဆိုသူ သုံးပုံတစ်ပုံကတော့ အထက်ပါအားလုံးဆိုပြီးဖြေဆိုထားပါတယ်။

(အချက်အလက်အသေးစိတ်ကိုသိချင်ရင်တော့ ဒီ link ထဲမှာ full report ကိုဖတ်ရှုနိုင်ပါတယ်)  

အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo