Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
ပျော်စရာအပိုင်းအစများ



ခု ရက်ပိုင်းတွေမှာ ကမ္ဘာနဲ့ချီတဲ့ ပူပန်သောကလှိုင်းလုံးတွေ မြန်မာနိုင်ငံကို အဆက်မပြတ် ရိုက်ခတ်လျက်ရှိပါတယ်။ COVID19 ဟာ မြန်မာပြည်မှာ တရားဝင် မရှိသေးပေမယ့်လည်း အစိုးရနဲ့တကွ ပြည်သူပြည်သားတွေဟာ ရောဂါပိုး ဝင်မလာရေး မပြန့်ပွားရေးတွေအတွက် ပူပန်ကြောင့်ကြကြီးစွာ ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်နေကြပါတယ်။

ဒီလို အပူလုံးကြွ လှိုင်းလုံးတွေကြားမှာ အိုအေစစ်လေးတွေ ကပ်ပါလာစမြဲပါပဲ။ အထူးသဖြင့် အီတလီနိုင်ငံတစ်ခုလုံး ရောဂန္တရကပ်ကြောင့် ပိတ်ထားရတဲ့အချိန်မှာ ကမ္ဘာကျော် ဗင်းနစ်ရေပေါ်မြို့မှာ ရေတွေကြည်လာတယ်၊ ရေနေတိရစ္ဆာန်လေးတွေ ပြန်ရောက်လာတယ် ဆိုတာဟာ ညစ်ညူးနေတာတွေကို ခေတ္တတိုက်စားသွားသလိုပါပဲ။ နှစ် ၆၀ အတွင်း ပထမဆုံးလို့ဆိုရမယ့် လင်းပိုင်လေးတွေ မြို့ထဲဝင်ပျော်မြူးနေတာ အတိတ်ကောင်းနိမိတ်ဆောင်ဆိုသလိုပေါ့။

ဒါ့ပြင် ရောဂါစဖြစ်ပွားတဲ့ ဝူဟန်မြို့ ဝန်းကျင်ဒေသမှာ ရောဂါကူးစက်မှုအသစ် မရှိတော့ဘူးဆိုတာပါပဲ။ ဒီ့အတွက် ရှေ့တန်းက ဆေးဘက်ဆိုင်ရာသူရဲကောင်းတွေ နေရပ်ပြန်ကြပြီး တရုတ်ရဲတပ်ဖွဲ့ရဲ့ ဂုဏ်ပြုအလေးပြုခြင်းကိုပါ ခံကြရပါတယ်။ အဆိုးထဲက ပျော်စရာ အခိုက်အတန့်တစ်ခုပါ။ ဒီလို တစ်ကမ္ဘာလုံး ပူပန်နေချိန်မှာ ဘောလုံးပွဲတွေ ရပ်သွားလို့ ပျင်းနေတဲ့ ဘောလုံးပရိသတ်တွေကြားမှာ ဘောလုံးသမားတွေရဲ့ အိမ်သာသုံးစက္ကူ ကန်ပိန်းလေးဟာ အပန်းဖြေစရာ ဖြစ်လာပါတယ်။ သူတို့တွေကလည်း သူ့နည်းသူ့ဟန်နဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ သောကကို ဖြေလျှော့ပေးနေဟန်ပါ။ အခြားခြားသော အလင်းစလေးတွေ ဒီ အမှောင်ထုမှာ ထွန်းပနေလျက် ရှိပါသေးတယ်။

ဒီနေ့ဟာ ကမ္ဘာ့ပျော်ရွှင်ခြင်းနေ့ World Happiness Day ဖြစ်ပါတယ်။ ဒီလို ကပ်ဘေးအခြေအနေမှာ ညစ်ညူးနေတာတွေကနေ ဖောက်ထွက်ခြင်းဟာလည်း ကိုယ်ခံအားတက်လာနိုင်စေတဲ့ အကြောင်းချင်းရာ တစ်ရပ်ပါ။ သူငယ်ချင်းတို့လည်း လက်ပုံမှန်ဆေးဖို့၊ လူစုလူဝေးတွေ‌ကို ရှောင်ကြဖို့ ‌မမေ့ပါနဲ့ဦးနော် ...

အားလုံးပဲ
Go Corona Corona Go
Corona Go Go Corona

အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo