ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားများနေ့အကြောင်းသိကောင်းစရာ
၁၉၉၀ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကနေကပြီးတော့ ရွှေ့ပြောင်းအလုပ်သမားများနှင့်၎င်းတို့၏မိသားစု၀င်များ၏အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်။ ကွန်ဗင်းရှင်းမှာတော့ အပိုဒ်ပေါင်း (၉၃) ပိုဒ်ပါဝင်ပြီး မြန်မာဘာသာပြန်ကို ဒီ link ကနေ download ပြီးလေ့လာနိုင်ပါတယ်
2018 ခုနှစ်မှာ မေးခဲ့တဲ့ U-Report Poll အရတော့ U-Reporter 48% က ကိုယ့်မွေးရပ်မြေကနေ အခြား
အရပ်ဒေသကို ပြောင်းရွှေ့နေထိုင်နေပါတယ်လို့ဖြေဆိုခဲ့ပါတယ်။
ပြောင်းရွှေ့သူတွေရဲ့ 60% ကျော်က ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် နဲ့ ပညာရေး အခွင့်အလမ်းတွေ
ရနိုင်ဖို့ ပြောင်းရွှေ့ခဲ့တယ်ဆိုပြီး ဖြေဆိုထားတာတွေ့ရပါတယ်
သူငယ်ချင်းကော ပြောင်းရွှေ့နေထိုင်တဲ့သူတစ်ဦးလား? comment မှာဆွေးနွေးပေးပါဦး