Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
Childhood Memories - 3

မှတ်မှတ်ရရ​ အသက်​2နှစ်​3နှစ်​လောက်က​ကျိုက်ထီးရိုးဘုရားဖူးထွက််ခဲ့တာလေးကို​ အခုထိခေါင်းထဲမှာစွဲနေတယ်။ အဲ့ချိန်တုန်းက အထမ်းသမားတွေက ကလေးငယ်ငယ်လေးတွေဆို သူတို့အထမ်းပေါ်တင်ခေါ်ပေးတာလေးကို အခုထိစဥ်းစားမိတိုင်း ပြုံးမိတယ်။

အဲ့လိုနဲ့ပဲ​ အထမ်းသမားပေါ်ကနေ​ပျော်ပျော်ကြီး ကျိုက်​ထီးရိုးတောင်ပေါ် ရောက်ခဲ့ဖူးတာပေါ့။ အရင်တုန်းက​အခုလောက်မတိုးတက်သေးတော့ hotel ဆိုတာလည်း 2ခု3ခုလောက်ပဲ​ရှိခဲ့တာ။

ခရီးတစ်ခုလုံးကိုအခုပြန်စဥ်းစားရင် ဝါးတားတားနဲ့​ဘာမှသေချာမမှတ်မိတော့ဘူး။ ဒါပေမဲ့လည်း ပြန်တဲ့မနက်​hotelရှေ့မှာ ဆူပုတ်ပြီး​ ဖေဖေနဲ့ဓာတ်ပုံလေးရိုက်ခဲ့တာကို​ အခုချိန်မှာ​အရမ်းကိုသတိရမိတယ်။

ဘာကြောင့်ဆူပုတ်နေတာလဲကို မမှတ်မိ၊ ဒါပေမဲ့​ အခုချက်ချင်း အချိန်နောက်ပြန်သွားလို့ရလဲ ဘာကိုမှမပြောင်းချင်ဘူး။

"
အဲ့အချိန်၊ အဲ့နေရာ၊ အဲ့လိုလေးပဲ၊ ဖေဖေနဲ့" ဆိုတာလေးကို​ စဥ်းစား​ရင်းနဲ့တောင် မျက်ရည်ဝဲ​ရတယ်။ လူတော်တော်များ​များ​က​ အခုရှိနေတဲ့အရာကို သေချာလေးလေးနက်နက် တန်ဖိုး​မထားကြဘူး။

ဆုံးရှုံး​သွားမှ​ ပြန်လိုချင်ကြတယ်။ နောင်တတွေရကြတယ်။ အဲ့လို​ အတူမရှိပေးလိုက်နိုင်ဘူး၊ပိုကောင်းအောင်မလုပ်ပေးနိုင်ဘူးလို့ နောင်တရကြမယ့်အစား အခုဒီစာလေးကို​ ဖတ်နေကြတဲ့အချိန်မှာပဲ ချစ်မြတ်နိုးတဲ့လူတွေနဲ့အရာတွေကို ပိုပြီးအလေးထားနေရာပေးလိုက်ပါ။ အချိန်ပေးလိုက်ပါ။

မနက်ဖြန်​ဆိုတာ​ ဘယ်တော့မှ​မ​သေ​ချာ​ပါဘူး။
"Nothing​ is for Granted, Cherish it while you can"

ရွှန်းလဲ့ရည်မိုး
U-Reporter

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo