မှတ်မှတ်ရရ အသက်2နှစ်3နှစ်လောက်ကကျိုက်ထီးရိုးဘုရားဖူးထွက််ခဲ့တာလေးကို
အခုထိခေါင်းထဲမှာစွဲနေတယ်။ အဲ့ချိန်တုန်းက အထမ်းသမားတွေက ကလေးငယ်ငယ်လေးတွေဆို
သူတို့အထမ်းပေါ်တင်ခေါ်ပေးတာလေးကို အခုထိစဥ်းစားမိတိုင်း ပြုံးမိတယ်။
အဲ့လိုနဲ့ပဲ အထမ်းသမားပေါ်ကနေပျော်ပျော်ကြီး ကျိုက်ထီးရိုးတောင်ပေါ်
ရောက်ခဲ့ဖူးတာပေါ့။ အရင်တုန်းကအခုလောက်မတိုးတက်သေးတော့ hotel ဆိုတာလည်း 2ခု3ခုလောက်ပဲရှိခဲ့တာ။
ခရီးတစ်ခုလုံးကိုအခုပြန်စဥ်းစားရင် ဝါးတားတားနဲ့ဘာမှသေချာမမှတ်မိတော့ဘူး။
ဒါပေမဲ့လည်း ပြန်တဲ့မနက်hotelရှေ့မှာ ဆူပုတ်ပြီး ဖေဖေနဲ့ဓာတ်ပုံလေးရိုက်ခဲ့တာကို အခုချိန်မှာအရမ်းကိုသတိရမိတယ်။
ဘာကြောင့်ဆူပုတ်နေတာလဲကို မမှတ်မိ၊ ဒါပေမဲ့ အခုချက်ချင်း
အချိန်နောက်ပြန်သွားလို့ရလဲ ဘာကိုမှမပြောင်းချင်ဘူး။
"အဲ့အချိန်၊ အဲ့နေရာ၊ အဲ့လိုလေးပဲ၊ ဖေဖေနဲ့" ဆိုတာလေးကို
စဥ်းစားရင်းနဲ့တောင် မျက်ရည်ဝဲရတယ်။ လူတော်တော်များများက အခုရှိနေတဲ့အရာကို
သေချာလေးလေးနက်နက် တန်ဖိုးမထားကြဘူး။
ဆုံးရှုံးသွားမှ ပြန်လိုချင်ကြတယ်။ နောင်တတွေရကြတယ်။ အဲ့လို
အတူမရှိပေးလိုက်နိုင်ဘူး၊ပိုကောင်းအောင်မလုပ်ပေးနိုင်ဘူးလို့ နောင်တရကြမယ့်အစား
အခုဒီစာလေးကို ဖတ်နေကြတဲ့အချိန်မှာပဲ ချစ်မြတ်နိုးတဲ့လူတွေနဲ့အရာတွေကို
ပိုပြီးအလေးထားနေရာပေးလိုက်ပါ။ အချိန်ပေးလိုက်ပါ။
မနက်ဖြန်ဆိုတာ ဘယ်တော့မှမသေချာပါဘူး။
"Nothing is for Granted, Cherish it while you can"
ရွှန်းလဲ့ရည်မိုး
U-Reporter