Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
အားကစားပြုလုပ်ခြင်းက ခန္ဓာကိုယ်ကို ပိုပြီးသန်မာစေသလို အသင်းအဖွဲ့စိတ်ဓာတ်ရှိစေတယ်၊ လူအများနဲ့ပူးပေါင်းဆောင်ရွက်တတ်စေပါတယ်

ညီမက အားကစားဆို တစ်ခုထဲကိုပဲ စွဲစွဲမြဲမြဲမလုပ်ဖြစ်ပေမယ့် အားကစားတော်တော်များများတော့ လုပ်ဖြစ်တယ်။ ညီမ ၄တန်းကနေ ၈တန်းထိ အေရိုးဗစ်ကဖြစ်တယ်။ SEA Games ဖွင့်ပွဲမှာလည်း အေရိုးဗစ်ကခဲ့တယ်။ ဘတ်စကက်ဘောလည်းကစားဖြစ်တယ်။ အဲ့ဒါကတော့ လက်ရှိကစားဖြစ်တာ ၃နှစ်ပဲရှိသေးတယ်။ မာရသွန်ပြေးဖြစ်နေတာလည်း ၂နှစ်ရှိပြီ။ Tag Rugby လည်းဆော့တယ်။ 

ညီမ ဘာလို့အားကစားလုပ်လဲဆိုတော့ အားကစားလုပ်တာက ကိုယ့်ကိုစိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောကျန်းမာကြံ့ခိုင်စေတယ် ပြီးတော့ကိုယ်လက်လှုပ်ရှားနေရတာကြိုက်တယ်။ ဘယ်အားကစားဖြစ်ဖြစ်ကြိုက်တယ်။ အဲ့တော့ အားကစားတော်တော်များများကစားဖြစ်တယ်။ ဒါပေမယ့် လုပ်ချင်ပြီး မလုပ်ဖြစ်သေးတာတွေအများကြီးရှိနေသေးတယ်။

အားကစားလုပ်တာကတော့ အကျိုးကျေးဇူးတွေအများကြီးရှိတယ်။

အားကစားအများစုက ကိုယ်လက်လှုပ်ရှားရတာတွေဆိုတော့ သွေးလှည့်ပတ်မှုကောင်းစေတယ်၊ သက်လုံကောင်းစေတယ်၊ အမောခံနိုင်တယ်၊ ခန္ဓာကိုယ်ကိုလည်း ပိုပြီးသန်မာစေသလို စိတ်ဓါတ်လည်းကြံ့ခိုင်စေတယ်၊ အသင်းလိုက်ကစားရတဲ့အားကစားတွေဆိုရင် အသင်းအဖွဲ့စိတ်ဓာတ်ရှိစေတယ်၊ လူအများနဲ့ပူးပေါင်းဆောင်ရွက်တတ်စေတယ်။ 

U-Reporter လူငယ်တွေရဲ့ အားကစားပြုလုပ်ခြင်းအပေါ်မြင်တဲ့ သဘောထားစစ်တမ်းအဖြေအပြည့်အစုံကို ဤနေရာတွင်ကြည့်နိုင်ပါသည်။ 

U-Report အစီအစဉ်အကြောင်းကို ပိုမိုသိရှိလိုပါသလား?

www.ureportmyanmar.in  သို့ဝင်ရောက်ကြည့်ရှုနိုင်ပြီး လူမှုကွန်ယက်စာမျက်နှာတွင်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။www.facebook.com/UReportMyanmar  


အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo