Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့လူက တစ်ခြားလူတွေထက် ပိုဆွဲဆောင်မှုရှိတယ်
  မိန်းကလေးပဲဖြစ်ဖြစ်  ယောကျာင်္းလေးပဲဖြစ်ဖြစ် တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့လူက တစ်ခြားလူတွေထက် ပိုဆွဲဆောင်မှုရှိတယ်နော်။ အဲ့လိုလူတွေက သံလိုက်လိုပဲ လူတွေကို သူတို့အနားမှာနေချင်အောင် ဆွဲဆောင်တယ်လို့ ဖြူ ဆောင်းပါး တစ်ခုမှာဖတ်ဖူးတယ်။ အင်းလေနော်။ အမြဲ စိတ်ညစ်ပြီး ပွစိပွစိ လုပ်နေတဲ့လူနား ဘယ်သူကကြာကြာနေချင်မှာလဲနော့။

တစ်ချို့ဆို ပျော်ဖို့ ကို အချိန်ဆွဲ/ အချိန်ရွှေ့နေကြတယ်။ ကံကောင်းမှ၊ ပိာုပာာလေးရမှ၊ သူလိုလေးဖြစ်မှ၊ ဒီပာာလေးအဆင်ပြေမှ ပျော်နိုင်မယ်ကွာဆိုပြီး အချိန်ရွှေ့တာ ရွှေ့တာ ဆိုတာ။ ပြီးတော့ တစ်ယောက်ယောက်က ပျော်အောင်လုပ်ပေးမှဆိုပြီး သူများလက်ထဲ သွားအပ်ထားတတ်သေးတယ်။  ဖြူကတော့ အဲ့တာသိပ်သဘောမကျဘူးရယ်။ ကိုယ်ပျော်ရွှင်ခြင်းက ကိုယ့်စိတ်နဲ့ပဲ ဆိုင်ပါတယ်။ တစ်ချို့ကိစ္စက အတွေးလေးပြောင်းလိုက်တာနဲ့ အဆင်ပြေသွားတာတွေ အများကြီးပါ။

သူငယ်ချင်းတို့ Troll ဆိုတဲ့ကာတွန်းလေးကြည့်ဖူးလားမသိဘူး။ ဖြူဆို အဲ့ကားလေးကြည့်ုပြီး  ပျော်ရွှင်ဖို့ဆိုတာ ကိုယ်နဲ့ပဲဆိုင်တယ်ဆိုတဲ့ message လေးရခဲ့တာပါ။ သူငယ်ချင်းတို့လည်း အားရင် ကြည့်ကြည့်နော်။

ကဲ ဖြူ အင်တာနက်ကရှာတွေ့တာရော၊ ကိုယ်တိုင် လက်တွေ့အသုံးပြုနေတဲ့ နည်းတစ်ချို့ပေးမယ်နော်။

၁. ရေချိုးပါ။ 💦ကဲ တို့ကတော့ စိတ်ညစ်ရင်ရေချိုးလိုက်တယ်။ ပြီးတော့ ရေချိုးနေရင်း စိတ်ညစ်စရာတွေရေထဲပါသွားပြီလို့တွေးတယ်။ ရေချိုးပြီးတဲ့အခါ လန်းလန်းဆန်းဆန်းဖြစ်သွားလို့ ခေါင်းကြည်ပြီး စိတ်သက်သာယာရတာပေါ့နော်။ စိတ်ညစ်စရာများနေတယ်ဆိုပြီး အကြာကြီးတော့ မချိုးနဲ့ပေါ့နော် လေတွေဖြတ်ကုန်မှဒုက္ခ၊ အပိာ 😝

၂.စားပါ။ 🍜🍝🍕🍖 ဒါကတော့ မိန်းကလေးတွေ အကျွမ်းဆုံးပဲပြောရမလဲ။ ဖြူဆို စိတ်ညစ်လဲစားတယ်။ ပျော်လည်းစားတယ်။ ၁၂ရာသီစားတယ်။ အပိာ။ အစားက လူနဲ့တည့်တယ်လေနော့။ ကိုယ်စားချင်တာ စားရတာဘယ်လောက်ပျော်စရာကောင်းလဲနော့။

၃. သီချင်းအော်ဆိုပါ။ ရက်ကွက်ကဆဲရင် ဖြူမပါဘူးနော်။ idol တွေဘာတွေဝင်ပြိုင်ဖြစ်သွားရင်လည်း အားပေးမယ်😂

၎. ကပါ။ အခန်းထဲမှာ ကပေါ့နော်။ အကွက်ဆန်းတွေ သူများတွေတွေ့ကုန်မယ်။

၅. ဒါကတော့ စာအုပ်ထဲမှာဖတ်ဖူးတာပါ။ ခဲတံ ဒါမှမပာုတ် ဘောပင် ကို စက္ကန့်၃၀လောက် ကိုက်ထားပါ။ အဲ့ချိန်မှာ စိတ်ညစ်စရာတွေလည်း မတွေးနဲ့ပေါ့နော်။ အဲ့လိုလုပ်ထားရင် ပြုံးနေတဲ့ပုံဖြစ်လို့ အလိုလို ပျော်လာတယ်လို့ရေးထားတယ်ရှင့်။

ကဲ စာရှည်သွားပြီ။ ယူတို့အားလုံးလေး တို့လိုသွားဖြဲပြီး ရယ်နိုင် ပြုံးနိုင်ကြပါစေလိုစ်။ အပျော်ဆိုတာကူးစက်တတ်တယ်တဲ့...ဒါကြောင့် သူငယ်ချင်းတို့ရဲ့ ရယ်မောနေတဲ့ပုံလေးတွေကို cmt box မှာ ထားခဲ့ပြီး အပျော်တွေကူးစက်ရအောင်။ ဒါနဲ့ မေ့တော့မလို့...ယူတို့ ဆီမှာ ပျော်ရွှင်ဖို့နည်းလမ်းအသစ်တွေရှိရင် မျှဝေခဲ့ဦး....😚”
See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo