Poll Results Stories U-Report အကြောင်း Engagement Reports Data Privacy Policy Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
စိတ်ဓာတ်ကျရောဂါဆိုတာ ကုသပျောက်ကင်းနိုင်ပါတယ်
စိတ်ဓာတ်ကျရောဂါ အကြီးအကျယ် ခံစားရဖူးသူ အနေနဲ့ လူငယ်တိုင်း လူတိုင်းကို message ပေးချင်တာကတော့ စိတ်ဓာတ်ကျရောဂါဆိုတာ ကုသပျောက်ကင်းနိုင်ပါတယ်။ ဆေးပညာအရသော်လည်းကောင်း၊ လူမှုစိတ်ပညာအရသော်လည်းကောင်း ကုသပျောက်ကင်းနိုင်ပါတယ်။ စိတ်ဓာတ်ကျရောဂါ ဆိုတာ ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့် လူတိုင်း ရနိုင်ပါတယ်။ စိတ်ဓာတ်ကျတာကိုအလွယ်တကူကုသပျောက်ကင်းနိုင်တဲ့ အခြေအနေဖြစ်နိုင်သလို suicideလုပ်ကြတဲ့အထိလည်း အဆိုးဝါးဆုံး အခြေအနေအထိ ဖြစ်နိုင်ကြပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်၊ စိတ်ဓာတ်ကျနေသူများ အနေနဲ့ တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့။ ယုံကြည်စိတ်ချရတဲ့ သူ၊ အကူအညီပေးနိုင်မယ့်သူဆီမှာ ရင်ဖွင့်ပါ။ ဆွေးနွေးတိုင်ပင်ပါ။ အကူအညီယူပါ။ မိမိကိုယ်ကိုယ် ပြန်လည် တည်ဆောက်ပါ။ ရုန်းထပါ။ စိတ်ဓာတ်ကျရောဂါကြီးကို ပြန်လည်တိုက်ထုတ်ကုစားပါ။ အတွေးဆိုးအမြင်ဆိုးတွေကို တိုက်ထုတ်ပါ။ ပြောသလောက် မလွယ်ကူမှန်းသိပေမယ့် ကျွန်တော်ကိုယ်တိုင် ဒီစိတ်ဓာတ်ကျရောဂါကို သုံးနှစ်ကျော်လောက် ခံစားပြီးမှ ပြန်လည်ကုစားနိုင်ခဲ့ပါတယ်။ အဲ့ဒီ့တော့ တခြားသူတွေ ဘယ်လိုထင်ထင်၊ ဘယ်လိုပြောပြော စိတ်ဓာတ်ကျနေသူအားလုံးဘက်က ကျွန်တော် မားမားမတ်မတ် ရပ်တည်ပေးနေပါတယ် လို့ စိတ်ဓာတ်ခွန်အားမျှဝေပါရစေ။
တခြားသူများ အနေနဲ့လည်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေသူများကို အသိအမှတ်ပြု ဂရုစိုက် ကြသလိုမျိုး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသူများကိုလည်း ကူညီကြပါ။ လှောင်ရယ်မပြုကြပါနဲ့...လျစ်လျူမရှုကြပါနဲ့....အားလုံးဟာ အချင်းချင် လက်တွဲဖေးမကူညီပြီး လောကကြီးကို အပြုံးတွေ အပျော်တွေနဲ့ အလှဆင်ကြရမှာ မဟုတ်လား.
See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo