Written by - Siren (U-Reporter)
အခုတလော ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကြားမှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်နဲ့ရည်မှန်းချက်တွေဆီ ရောက်ဖို့အတွက် Vision Board လုပ်တာဟာ အရင်ကထက် တော်တော်လေးကိုခေတ်စားလာပါတယ်။ ဒီတော့ Vision Board ဆိုတာ ဘာလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာ U-Reporter သူငယ်ချင်းတွေကို ပြောပြပေးသွားပါမယ်နော်…🫶
🤔Vision Board ဆိုတာဘာလဲ?
Vision Board ဆိုတာကတော့ ကိုယ်လိုချင်တဲ့အရာတွေ၊ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို လက်တွေ့တကယ်ဖြစ်လာဖို့အတွက် manifest လုပ်လို့ရအောင် ကိုယ့်ရဲ့ goal တွေနဲ့ သက်ဆိုင်တဲ့ ရုပ်ပုံတွေ၊ ဓာတ်ပုံကားချက်တွေကို တစုတစည်းတည်း စုပေါင်းထားတဲ့ ဆိုင်းဘုတ်တစ်ခုလို့ပြောလို့ရပါတယ်။ သူ့ကို dream board လို့လည်း ခေါ်ကြပါတယ်။
Vision Board ဟာဆိုရင် အမျိုးအစား နှစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Physical Vision Board နဲ့ Digital Vision Board ဆိုပြီး နှစ်မျိုးရှိပါတယ်။ လူတော်တော်များများက physical board ကပိုပြီးထိရောက်တယ်လို့ပြောကြပေမယ့် အမှန်တကယ် vision board က ဒါကို ကြည့်လိုက်တိုင်း တကယ်ဖြစ်အောင်၊ ရအောင် ကြိုးစားမယ်ဆိုတဲ့ ကိုယ့်ရဲ့ mind power ပေါ်မူတည်တဲ့အတွက်ကြောင့် physical ပဲဖြစ်ဖြစ် digital ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ စိတ်အားပေါ်မူတည်ပြီး ထိရောက်ကြပါတယ်။✨✨
ကိုယ်က vision board လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီ physical နဲ့ digital ထဲက ကိုယ်နဲ့အဆင်ပြေနိုင်မယ့် တစ်ခုခုကိုအရင်ရွေးချယ်ဖို့လိုအပ်ပါတယ်။🤗
Physical Board ကိုရွေးချယ်တဲ့သူတွေကတော့ နည်းနည်းတော့ပိုအလုပ်များနိုင်တယ်။ဘာလို့ဆိုတော့ boardလုပ်ဖို့အတွက် ပစ္စည်းတွေ၀ယ်ရပြီး ပုံတွေလည်း ထုတ်ရမှာမို့ပါ။ ဒါပေမယ့် physical board လုပ်ရတာက လက်တွေ့ DIY လုပ်ရတာမို့လို့ creative ပိုဖြစ်သလို ပျော်ဖို့လည်းကောင်း ပါတယ်။ 😁
Digital Board လုပ်တာကလည်းလွယ်ပါတယ်။ ကိုယ့် Phone၊ Tablet ဒါမှမဟုတ် Computer ထဲက ကြိုက်နှစ်သက်ရာ tool တစ်ခုခု၊ ဥပမာ Canva၊ PicsArts၊ Photoshop စတာတွေထဲက ကိုယ်လုပ်ချင်တာကိုရွေးချယ်ပြီး ကိုယ်ရဲ့ goal နဲ့ကိုက်မယ့်ပုံလေးတွေကို edit လုပ်ပြီး Collage လေးတွေ ပြုလုပ်ရုံပါပဲ။ ✍️✍️
Vision Board ပြုလုပ်တဲ့နေရာမှာ အပေါ်ကပြောခဲ့သလို ကိုယ့်ရဲ့ goal နဲ့ပတ်သက်တဲ့ ပုံတွေတင်မကပဲ ကိုယ်ဖြစ်ချင်တဲ့ affirmation စာကြောင်းလေးတွေ၊ Motivation စာကြောင်းလေးတွေကိုလည်း ထည့်သွင်းရေးလို့ရပါတယ်။ ဥပမာ -
✌️ငါဟာ ပစ္စုပ္ပန်မှာ ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်တယ်။ 😇
✌️ငါဟာ ၀င်ငွေပေါကြွယ်၀တဲ့သူတစ်ယောက်ဖြစ်တယ်။ 😎
✌️ငါဟာ ကျန်းမာကြံ့ခိုင်တဲ့လူတစ်ယောက်ဖြစ်တယ်။ 💪 အစရှိတဲ့ ကိုယ့်အတွက် အကျိုးရှိမယ့် or positive ဖြစ်မယ့် affirmation လေးတွေကိုထည့်လို့ရပါတယ်။✨✨
Vision Board မှာထည့်လိုက်တဲ့ ပုံတိုင်း Affirmation တိုင်းက တကယ်ဖြစ်လာမှာလား?🤭
Yes! အများစု တကယ်ဖြစ်လာကြပါတယ်။
ဒါပေမယ့် တကယ်ဖြစ်လာဖို့အတွက်ဆိုရင်
✅ကိုယ့်ရဲ့ Goal တွေက ကိုယ့်ရဲ့ဘ၀ကို သေချာဆန်းစစ်ပြီးမှ ချမှတ်ထားတဲ့ Goal တွေဖြစ်ရပါမယ်။
✅ထည့်ထားတဲ့ Goals တွေ Affirmation တွေက ကိုယ့်အတွက် ဖြစ်နိုင်ချေရှိကိုရှိရပါမယ်။
✅ကိုယ်ရွေးချယ်ထားတဲ့ Goal တွေ Affirmation တွေ အပေါ် ယုံကြည်မှု အပြည့် ရှိကိုရှိရမယ်။
✅Vision Board ကို နေ့တိုင်းမြင်ပြီး သေချာအာရုံစိုက်လုပ်လို့ရအောင် ကိုယ်တိုင် မြင်သာမယ့်နေရာတွေ၊ ဥပမာ စာကြည့်စားပွဲ၊ ကိုယ်ထိုင်နေကြနေရာ၊ အိပ်ယာဘေး၊ ဖုန်း wallpaper စတာတွေမှာ ထားပေးရပါမယ်။
✅Vision Board မှာထည့်သွင်းထားတဲ့အရာတွေအားလုံးကို လက်တွေ့ဖြစ်လာအောင်လည်း ကိုယ်တိုင် plan ချပြီး နေ့စဉ်နေ့တိုင်း သေချာဆောင်ရွက်တာမျိုးလုပ်ဖို့လိုအပ်ပါတယ်။
Vision Board တစ်ခုလုပ်ထားတာဟာ U-Reporter တို့အားလုံးအတွက် အရှူံးမရှိဘူးလို့ထင်ပါတယ်။ ဘာလို့ဆိုတော့ Vision Board တစ်ခုလုပ်ထားတာက ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေကို နေ့စဉ် reminder အနေနဲ့ပေးထားသလိုဖြစ်ပြီး လက်တွေ့အကောင်ထည်ဖော်ဖို့ motivation လည်းရစေတာကြောင့်ဖြစ်ပါတယ်။💪နောက်ပြီးတော့ ကိုယ့်ဘ၀အတွက် ဘယ်အရာတွေက အရေးကြီးလဲဆိုတာကို vision board က ရှင်းရှင်းလင်းလင်းသိမြင်လာစေနိုင်တာကြောင့် ကိုယ့်ဘ၀တိုးတက်ဖို့နဲ့ အိပ်မက်တွေအကောင်အထည်ဖော်ဖို့အတွက် နေ့စဉ် အာရုံစူးစိုက်နိုင်လာမှာလည်းဖြစ်ပါတယ်။ 🙆✨✨
ဒါကြောင့် အခုမှ နှစ်စပဲရှိသေးတာဖြစ်လို့ U-Reporter တို့အနေနဲ့ Vision Board လေးလုပ်ထားတာက လုံး၀မမှားဘူးနော်။🤩 2025 တစ်နှစ်ပတ်လုံးကို အကျိးရှိရှိဖြတ်သန်းနိုင်ဖို့အတွက် အခုပဲ ကိုယ်ပိုင် Vision Board လေးတစ်ခုဖန်တီးလိုက်ကြရအောင်။ 🙆✨✨