Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
Brat ဖြစ်အောင် ဘယ်လိုနေကြမလဲ?

Written by - Edison Htun (U-Reporter)


မနေ့က ကမ္ဘာပေါ်က အင်္ဂလိပ်အဘိဓာန်နဲ့ ဝေါဟာရပိုင်းဆိုင်ရာမှာ အထင်ကရတစ်ခုဖြစ်တဲ့ Collins Dictionary က ၂၀၂၄ ခုနှစ်ရဲ့ Word of the Year အဖြစ် brat ကို ရွေးချယ်ကြောင်း ကြေညာခဲ့ပါတယ်။ Brat ဆိုတာ ခေတ်လူငယ်အများစု၊ social media တွေနဲ့ Trend တွေသိတဲ့ လူငယ်တွေဆိုရင်တော့ အဓိပ္ပာယ်မသိရင်တောင် ကြားဖူးနားဝတော့ ရှိကြမယ်ထင်တယ်။


Brat ဆိုတာ အကျင့်မကောင်းသူ၊ မနေတတ်မထိုင်တတ်သူ စတဲ့ မကောင်းတာနဲ့ နွယ်ပြီးပဲ အဓိပ္ပာယ်ရှိပေမယ့် ဗြိတိန်အဆိုတော် Charli Xcx ရဲ့ brat ဆိုတဲ့ album ထွက်အပြီး ဒီနှစ်မှာတော့ လူငယ်တွေ၊ အထူးသဖြင့် Gen Z တွေကြားမှာတော့ confident ရှိသူ၊ ပျော်ပျော်နေတတ်သူ၊ ပြောရရင်တော့ လောကကြီးမှာ ဘာကိုမှ သိပ်ဖိစီးမနေဘဲ ဘဝကို main character လိုနေတတ်သူဆိုပြီး အဓိပ္ပာယ်ပြောင်းလဲလာတဲ့အထိ brat က ပေါက်မြောက်ခဲ့ပါတယ်။ Brat summer တို့၊ Brat mentality ဆိုပြီး လူငယ်တွေကြား trend တစ်ခု၊ mindset တစ်ခုအထိ ဖြစ်လာခဲ့ပါတယ်။ အခုလို လူငယ်တွေကြား culture တစ်ခုအဖြစ် ရေပန်းစားရုံသာမကပဲ lifestyle အထိပါ ပြောင်းလဲလာစေတဲ့ ဒီ brat ဆိုတဲ့ ဝေါဟာရကို word of the year အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။


အဲ့တော့ U-Reporter သူငယ်ချင်းတို့ကိုလည်း brat ဆန်ဆန် confidence so high စွာနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပျော်အောင်နေလို့ရမလဲဆိုတာ ပြောပြချင်ပါတယ်။


၁။ ငြင်းဖို့ကို အားမနာပါနဲ့။

လူတွေက တခါတလေ အားနာတတ်တယ်ဆိုတာနဲ့ ကိုယ်လိုက်လျောဖို့ အဆင်မပြေတာဆို ငြင်းဖို့ ခဲယဥ်းတတ်ကြပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုဘ်အဆင်မပြေတာဆိုရင် မပြေကြောင်း ပြောပြီး ငြင်းပါ။ ဒါမှမဟုတ်လည်း ဘယ်လောက်အတိုင်းအတာအထိတော့ လိုက်လျောပေးနိုင်မယ်၊ ကူညီပေးနိုင်မယ်ဆိုပြီး ညှိနှိုင်းကြည့်ပါ။


၂။ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးပါ။

အလုပ်တွေ၊ စာတွေ၊ မိသားစု၊ သူငယ်ချင်း၊ ရည်းစား...တခြားသူတွေ၊ တခြားအရာတွေနဲ့ပဲ လုံးလည်ချာလည်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ်မေ့နေတတ်သူတွေဆို ဒီအချက်က လုပ်ကိုလုပ်ရမယ့်အချက်ပါနော်။ ကိုယ့်ကိုယ်ကိုယ်ဦးစားပေးတယ်ဆိုတဲ့ နေရာမှာလည်း သေးသေးကြီးကြီး ကိုယ့်စိတ်ကို ပျော်မယ်၊ စိတ်ချမ်းသာမယ်ဆိုတာတွေကို လုပ်ပေးဖို့ပါ။ ဒါပေမယ့် ဒီမှာလည်း ကိုယ့်ကို အန္တရာယ်ဖြစ်စေမှာတွေ၊ တခြားသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ၊ ပိုပြီး စိတ်ဖိစီးစေမယ့်အရာတွေ မဟုတ်ဘဲ ကိုယ်ဝါသနာပါတာတွေလုပ်တာ၊ စားချင်တာ စားလိုက်တာ၊ ကိုယ့်ကိုယ်ကိုယ် အနားပေးတာ...ဒါတွေကို ပြောတာပါနော်။


၃။ အတွေးမလွန်ပါနဲ့။

Overthinking တွေ လုပ်မိနေရင်း stress ပိနေတယ်ဆို brat မဖြစ်တော့ဘူးနော် သူငယ်ချင်းတို့။ မဖြစ်လာသေးတာတွေ၊ မဖြစ်လာနိုင်တာတွေနဲ့ အတွေးများ၊ အတွေးလွန်ပြီး စိတ်ဖိစီးနေတာတွေကို တတ်နိုင်သလောက် လျော့၊ စိတ်အေးအေးထားပြီး တရားစကားနဲ့ ပြောရရင် လက်ရှိပစ္စုပ္ပန်မှာပဲ လုပ်စရာရှိတာလေးတွေ လုပ်ရင်း နေကြည့်ကြရအောင်လား။


၄။ အမှားလုပ်မိမှာကိုလည်း မကြောက်ပါနဲ့။

လူဆိုတာ အမှားနဲ့ မကင်းနိုင်ကြပါဘူး။ အမှားတွေလုပ်မိမှာ မကြောက်ကြသလို အမှားတွေကနေလည်း သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ သင်ယူပြီး နောက်ဆို ထပ်မလုပ်မိအောင်၊ ပိုကောင်းအောင် ကြိုးစားကြည့်ရမယ်နော်။


၅။ ကိုယ့် timetable နဲ့ ကိုယ်နေပါ။

ဒါကတော့ တော်တော်များများကြားဖူးကြမယ်ထင်ပါတယ်။ ကိုယ်နဲ့ ရွယ်တူတစ်ယောက်က ဘာဖြစ်နေပြီ၊ ဘာသင်နေပြီဆိုတိုင်း ကိုယ်က လိုက်လုပ်စရာ၊ လိုက်ဖြစ်စရာ မလိုပါဘူး။ တခါတလေ သူများလုပ်တိုင်း လိုက်လုပ်နေရင် ပင်ပန်းတာပဲ အဖတ်တင်တဲ့အပြင် လမ်းတွေလည်း ပျောက်တတ်တယ်လေနော်။ ကိုယ့် အရှိန်နဲ့ကိုယ် မှန်မှန်လေး သင်စရာရှိတာ သင်ယူရင်း၊ လုပ်စရာရှိတာလုပ်ရင်း ကိုယ့် timeline နဲ့ကိုယ် နေတတ်အောင် ကြိုးစားရမယ်နော်။


၆။ ကိုယ့် Mental health ကို ဂရုစိုက်ပါ။

ဒီလို အချက်လေးတွေအပြင် အရေးကြီးဆုံးကတော့ ကိုယ့်စိတ်ကိုယ်ကို ပျော်အောင် နေတတ်ဖို့ပါပဲ။ Mental health ဆိုတာ အရေးကြီးတယ်ဆိုပြီး ပြောနေကျပေမယ့် တကယ်တမ်းမှာတော့ ဂရုစိုက်ဖို့ဆိုတာ ခက်ခဲတတ်၊ မေ့နေတတ်ပါတယ်။ Mental Health ကို ဂရုစိုက်တယ်ဆိုတာ ဆေးခန်းတွေ ပြမှ၊ ဆရာဝန်မှ ပြမှ မဟုတ်ပါဘူး။  စိတ်ညစ်တာ၊ မပျော်တာတွေဆို ကိုယ့်ကိုယ်ကိုယ်ပျော်အောင် ဘာလုပ်လို့ရမလဲ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ စကားစမြည်းပြောကြမလား၊ ရုပ်ရှင်ကြည့်မလား၊ စာဖတ်မလား၊ အိပ်ပစ်လိုက်မလား၊ ဂိမ်းဆော့မလား၊ ဒါတွေကလည်း ကိုယ့်စိတ်ကိုကိုယ် ဂရုစိုက်တာတွေပါပဲ။


အခုပြောပြထားတဲ့ အချက်လေးတွေကို လိုက်လုပ်ကြည့်ရင်း Brat ဆန်ဆန် ဘဝကြီးကို main character တစ်ယောက်လို နေကြည့်ကြမယ်နော်။ 

အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo