Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
Video Content Creation Workshop မှ U-Champion များ

U-Report Myanmar ရဲ့ 8th Anniversary ကနေ စတင်စီစဥ်တဲ့ “Chase Your Dreams” U-Champion program တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Video Content Creation Workshop ကနေ U-Champion လူငယ်တွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။


သြဂုတ်လ ၁၀ရက်နေ့နဲ့ ၁၁ရက်နေ့ နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ Video Content Creation Workshop မှာ ဗီဒီယိုရိုက်ကူးဖန်တီးရတာ စိတ်ဝင်စား ဝါသနာပါတဲ့ လူငယ်တွေကို ခေါ်ယူ‌ရွေးချယ်ပြီး မိုဘိုင်းဖုန်းအသုံးပြုပြီး ဗီဒီယိုရိုက်ကူးရေးအခြေခံ၊ တည်းဖြတ်ရေး သဘောတရားတွေနဲ့ ဆိုရှယ်မီဒီယာအတွက် ဗီဒီယိုတစ်ပုဒ်ဖန်တီးရာမှာ စဥ်းစားရမယ့်အချက်အလက်စတာတွေကို အဖွဲ့ ၄ ဖွဲ့ ခွဲပြီး ကိုယ်တိုင်ရိုက်ကူးလေ့လာသင်ယူခဲ့ကြပါတယ်။


Video Content Creation ကနေ ပေါ်ထွက်လာတဲ့ U-Champion အဖွဲ့ ၄ ဖွဲ့ကတော့...


1. 5U4


2. Infinite V


3. Neon Star


4. Triangle


ဒီ workshop ပြီးနောက် U-Champion အဖွဲ့ ၄ဖွဲ့ အနေနဲ့ ပထမဆုံး challenge အဖြစ် U-Report Myanmar အကြောင်း video အတိုတွေ ရိုက်ကူးဖန်တီးပြီး U-Reporter တွေ ပိုပြီး ပါဝင်လာအောင်၊ Join လာအောင် ဖိတ်ခေါ်ရမှာ ဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့ချင်းက code တစ်ခုစီ ရရှိထားပြီး U-Report ရဲ့ ပုံမှန် “JOIN” အစား အဲ့ဒီ့ ကိုယ်ပိုင် code တွေအသုံးပြုပြီး ဘယ်အဖွဲ့က အများဆုံး U-Reporter တွေ ပါဝင်လာအောင် လုပ်ဆောင်နိုင်မလဲဆိုတာ ပြိုင်ကြရမှာပါ။ တစ်ဖွဲ့ချင်းစီရဲ့ ဖန်တီးယှဥ်ပြိုင်မှုတွေကို ကြည့်လိုက်ကြရအောင်။


1. 5U4

5U4 အဖွဲ့ကို အားပေးဖို့ဆိုရင် U-Report Myanmar ရဲ့ Facebook Messenger ဒါမှမဟုတ် Viber မှာ FIVE လို့ စာပို့ပြီး U-Reporter တစ်ယောက်အဖြစ် ပါဝင်လိုက်ပါ။ 


2. Infinite V

Infinite V အဖွဲ့ကို အားပေးဖို့ဆိုရင် U-Report Myanmar ရဲ့ Facebook Messenger ဒါမှမဟုတ် Viber မှာ INV လို့ စာပို့ပြီး U-Reporter တစ်ယောက်အဖြစ် ပါဝင်လိုက်ပါ။ 


3. Neon Star

Neon Star အဖွဲ့ကို အားပေးဖို့ဆိုရင် U-Report Myanmar ရဲ့ Facebook Messenger ဒါမှမဟုတ် Viber မှာ Star လို့ စာပို့ပြီး U-Reporter တစ်ယောက်အဖြစ် ပါဝင်လိုက်ပါ။ 


4. Triangle

Triangle အဖွဲ့ကို အားပေးဖို့ဆိုရင် U-Report Myanmar ရဲ့ Facebook Messenger ဒါမှမဟုတ် Viber မှာ TRI လို့ စာပို့ပြီး U-Reporter တစ်ယောက်အဖြစ် ပါဝင်လိုက်ပါ။ 


U-Reporter တို့အနေနဲ့လည်း လူငယ်တွေအတွက် အသုံးဝင်မယ့်၊ အရေးပါတဲ့ skill တွေ လေ့လာပြီး U-Report မှာ ပါဝင်လို့ရအောင် U-Champion program တွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်လို့ U-Report Myanmar ရဲ့ social media page တွေမှာ စောင့်ကြည့်ပေးကြပါဦး။

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo