Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
တိတ်တဆိတ် ကြေကွဲခြင်း - မြန်မာနိုင်ငံအတွင်းရှိ လက်တွဲဖော်အကြမ်းဖက်မှုများမှ လွတ်မြောက်လာသူတို့ရဲ့ အသံများ

တိတ်တဆိတ် ကြေကွဲခြင်း  - မြန်မာနိုင်ငံတွင်းရှိ လက်တွဲဖော်အကြမ်းဖက်မှုများမှ လွတ်မြောက်လာသူတို့ရဲ့ အသံများ

    သူ့လက်က ကျွန်မ ပါးပြင်ကို လာထိလိုက်ချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး အေးခဲတုန်လှုပ်သွားခဲ့ရသလိုပဲ။ သူ ဒီလိုမဟုတ်လောက်ပါဘူး၊ ၊ ဒီတစ်ခါတည်းပါလေလို့ ကိုယ့်ကိုယ်ကို ‌ပြောမိလိုက်တယ်။ ဒါပေမယ့် အချိန်တွေ ပြောင်းလာတာနဲ့အမျှ ကျွန်မတို့ အခြေအနေလည်း ပြောင်းလာခဲ့ရတယ်။ လအနည်းငယ်အကြာ ဒုတိယအကြိမ် ထပ်ရိုက်ခံရပြီးချိန်မှာ ကျွန်မအနေနဲ့ သူ့ကို တောင်းပန်ဖို့၊ အပြစ်တင်ခံဖို့၊ ကိုယ်က အမှားတစ်ခု လုပ်ခဲ့မိလို့ ဆိုပြီး ထင်မှားခဲ့မိတယ်။ ကျွန်မကိုယ်တိုင်က သံသယစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေခဲ့မိတယ်လို့မင်းက ပြန်ပြောပြပါတယ်။ 

    သူက ဒီ အကြမ်းဖက်လုပ်ရပ်ကို ထပ်တလဲလဲ လုပ်ခဲ့တယ်၊ သူ့ပါးရိုက်ချက်တစ်ချက်စီတိုင်းမှာ တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေပြီဆိုတဲ့ နာကျင်စရာသတိပေးချက်မျိုး ပဲ့တင်ထပ်နေတယ်။ လက်တွဲဖော်ရဲ့ ရက်စက်မှုအိပ်မက်ဆိုးသံသရာစက်ဝန်းထဲမှာ ပိတ်မိနေခဲ့ပြီလို့ နားလည် သဘောပေါက်ရမယ့်အချိန်က ကျွန်မအတွက် အရမ်း ကြာသွားခဲ့တယ်။ ကျွန်မဟာ  ဒီလိုမျိုး စော်ကားခံရဖို့ မထိုက်တန်ဘူးဆိုတာကို နက်နက်ရှိုင်းရှိုင်း သိလာခဲ့တယ်။ အသက်အရွယ်မရွေး (ဒါမှမဟုတ်) ကျားမမရွေး ဘယ်လိုပဲ ပတ်သက်နေပါစေ ဘယ်သူမှ ဒါမျိုးမလုပ်ရပါဘူး။


    မင်းဟာ အသက် ၂၂ အရွယ်ရှိပြီး မြန်မာနိုင်ငံတွင်းရှိ ချစ်သူလက်တွဲဖော်တွေအချင်းချင်းမှာ အကြမ်းဖက် ရက်စက်မှု ကြုံတွေ့နေရတဲ့ လူငယ်လူရွယ်များစွာထဲက တစ်ဦးဖြစ်ပါတယ်။ မကြာသေးခင်ကပဲ လူသိများ ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဟာ သူ့ ချစ်သူမိန်းကလေးအပေါ် ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုပြီး လူမှုအဖွဲ့ အစည်း တွေကနေ သက်သေသာဓကတွေပြပြီးတော့ ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်လာကြ အောင် ပုံဖော်ခဲ့ကြပါတယ်။ 

    ချစ်သူ လက်တွဲဖော်ရဲ့ အကြမ်းဖက်ရက်စက်မှုဟာ စိတ်ကျန်းမာရေးပြဿနာတွေကို ပိုမိုဆိုးရွားလာစေ ပါတယ်။ ယူနီဆက်ဖ်အနေနဲ့ တွေ့ရှိခဲ့တာကတော့ မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး အကြပ်အတည်း နဲ့ ပဋိပက္ခများ ဖြစ်ပွားနေမှုတွေဟာ အထူးသဖြင့် လူငယ်တွေကြားမှာ စိတ်ကျန်းမာရေး စိန်ခေါ်မှုတွေအနေနဲ့ အန္တရာယ်ပိုများလာပါတယ်။ 

    ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ယူနီဆက်ဖ်ရဲ့ U- Report Myanmar က ချစ်သူလက်တွဲဖော်ရဲ့ အကြမ်းဖက် ရက်စက်မှုအပေါ် စစ်တမ်းတစ်ခု ကောက်ယူခဲ့ရာမှာ စိုးရိမ်ပူပန်လွန်းရတဲ့အထိ ရောက်နေရပြီလို့ ပြောဆို နေကြပါတယ်။ 

    ဒီစစ်တမ်းက အိမ်ကအဖြစ်မျိုးနဲ့ နီးစပ်တယ်၊ ဘာကြောင့်ဆိုရင် ကျွန်မ ကိုယ်တိုင်ကြုံရတဲ့ စိတ်‌ခြောက်ခြား စရာကောင်းလွန်းတဲ့ အမှတ်တရတွေကို ရင်ဆိုင်ဖို့ တွန်းအား ဖြစ်စေတယ်။လို့ အသက် ၂၀ အရွယ်သူက ပြောပါတယ်။

    ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုက နောက်ဆုံးတော့ စိတ်ဆင်းရဲဒုက္ခတွေအဖြစ်ကို ပြောင်းသွားတာပေါ့။ သူက ကျွန်မရဲ့ ဂုဏ်ယူရဆုံး အောင်မြင်မှုတွေကို သိမ်ငယ်စေခဲ့တယ်၊ လုပ်ငန်းခွင်ထဲမှာရော ပညာရေးပိုင်း မှာရော  တန်ဖိုးမဲ့သွားသလို ခံစားသွားရတယ်၊ သူငယ်ချင်းတွေနဲ့ ဆုံကြတော့ ပြောစကားတွေကို ဟန့်တားရာကနေ သူ့ကို ချည်နှောင်တယ်လို့ ဆိုတယ်၊ ကျွန်မရဲ့ လှုပ်ရှားမှုတိုင်းကို စေ့စေ့စပ်စပ်လိုက် ကြည့်တယ်၊ ကျွန်မ အလုပ်နဲ့ ပတ်သက်တဲ့ခရီးတွေ သွားရတော့ ဖောက်ပြန်တယ်ဆိုပြီးတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ပြောဆိုပြီး ကျွန်မ ဆိုရှယ်မီဒီယာသုံးတော့လည်း တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထား တယ်၊ ကျွန်မရဲ့ ကိုယ်အလေးချိန်ဆိုရင် အစားအသောက်တွေ မမှန်တော့တာနဲ့ ခန္ဓာကိုယ်က ပုံပျက်ပန်းပျက် ဖြစ်လာတာတွေကြောင့် အမြဲတမ်း ရှက်ရွံ့နေရတာကနေ ပြောင်းလာပြီး စိတ်ကျန်းမာရေး လုံးပန်းနေရတဲ့ အဖြစ်ကို ရောက်လာရတယ်လို့သူက ဖွင့်ဟပြောဆိုလိုက်ပါတယ်။ 

    မင်းနဲ့သူတို့ မျှဝေခဲ့ကြတာတွေကို U- Report စစ်တမ်း ဖြေဆိုသူ ၃၂ ရာခိုင်နှုန်းက တစ်သံထဲ ထွက်ဆိုခဲ့ကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုဟာ အကြမ်းဖက်မှုက အဖြစ်အများဆုံး ဖြစ်ပြီး သူ့နောက်လိုက်တာကတော့ နှုတ်အားဖြင့် ပြောဆိုမှုတွေရယ်၊ စိတ်ပိုင်းဆိုင်ရာ စော်ကားတာ၊ လိင်အကြမ်းဖက်တာ၊ အရှက်တကွဲအကျိုးနည်းဖြစ်စေတာမျိုးနဲ့ မလျော်သြဇာသုံးတာမျိုးတွေ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

    အံ့သြစရာကောင်းတာက U- Reporter ၅၇ ရာခိုင်နှုန်းက သူတို့ရဲ့ အသိုင်းအဝိုင်းမှာ (ဒါမှမဟုတ်) မိတ်ဆွေ သူငယ်ချင်းတွေကြား နဲ့ ရင့်သီးတဲ့ ဆက်ဆံရေးမျိုးကနေ ရုန်းမထွက်နိုင်ကြတဲ့မိသားစုတွေက တစ်ယောက်ယောက်ကို သိနေကြတယ်လို့ တင်ပြခဲ့ကြပါတယ်။ ဒါ့အပြင် အသက် ၁၅ နှစ်နဲ့ ၁၉ နှစ် ကြား အရွယ်တွေက တခြားအသက်အရွယ်အပ်စုတွေထက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို မကြာမကြာ ပိုပြီးကြုံတွေ့နေကြရတယ်ဆိုတာဟာ  စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။

    ကျွန်မရဲ့ ညှင်းပန်းနှိပ်စက်ခံ ဆက်ဆံရေးကနေ လွတ်မြောက်အောင်ရုန်းထွက်နိုင်ခဲ့ပြီး နောက်ထပ်လည်း ဘယ်တော့မှ ဒီလမ်းကို မလျှောက်တော့ပါဘူး၊ ဒါပေမယ့်လည်း လွတ်မြောက်လာသူတွေက သူတို့ ကိုယ်ပိုင်ဇာတ်လမ်းတွေကို လူမှုကွန်ယက်မှာ ထုတ်ဖော်ပြောဆိုကြတာကို မြင်တွေ့ရတဲ့ အချိန်တိုင်း စွဲကျန်နေတဲ့ စိတ်ဒဏ်ရာတွေက ပြန်ပေါ်လာရတယ်။လို့မင်းက ပြောဆိုခဲ့ပါတယ်။

    အလားတူပဲအကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ကြရတာကြောင့် စိတ်ဓာတ်ကျ နေရတာတွေ၊ စိုးရိမ်ပူပန်နေရ တာတွေနဲ့ ထိတ်လန့်ကြောက်ရွံနေရတာတွေနဲ့အတူ ရုန်းကန်နေခဲ့ကြကြောင်း U- Reporter ၆၆ ရာခိုင်နှုန်းက စစ်တမ်း တွေ့ရှိခဲ့ပါတယ်။  ဖြေဆိုသူ ၅ ဦးမှာ ၂ ဦးဟာ ချစ်သူလက်တွဲဖော်ရဲ့ အကြမ်းဖက်ရက်စက်မှု အကျိုးဆက်တစ်ခု အနေနဲ့  စိတ်ခံစားမှုဆိုင်ရာ တင်းကျပ်မှု ဝေဒနာ(PTSD)ကို ခံစားခဲ့ကြရပါတယ်။ လူတချို့ကတော့ တခြားသူတွေက စိတ်မလုံခြုံဘူးလို့  ခံစားမိလာတဲ့အချိန်မှာ မတတ်သာတဲ့အဆုံး မိမိကိုယ် ကို နာကျင် ထိခိုက်စေအောင်လုပ်ပြီး အဆုံးစီရင်ဖို့အထိတောင် ကြံစည်မိကြပါတယ်။ ရာခိုင်နှုန်းအနည်းငယ် ကတော့ လူ့အသိုက်အဝန်းရဲ့ ဖိအားပေးမှုတွေနဲ့ သားကောင်ကို ပြစ်တင်ပြောဆိုတဲ့ ယဥ်ကျေးမှု အကျိုးဆက် တွေအဖြစ် ခွဲခြားဆက်ဆံခံရတာ (ဒါမှမဟုတ်) ငွေကြေးပြဿနာတွေကို ရင်ဆိုင်ခဲ့ကြရပါတယ်။ 

    ကျေးဇူးတင်ရတာကတော့ တစ်ချိန်က တားမြစ်ထားတဲ့ အကြောင်းအရာကို အွန်လိုင်းပေါ်မှာရော အွန်လိုင်းပြင်ပ နှစ်မျိုးလုံးတွေမှာ ပွင့်ပွင့်လင်းလင်း  ဆွေးနွေးပြောဆိုနေကြတာဟာ အပြောင်းအလဲ တစ်ခုပါပဲ။ စစ်တမ်း ကောက်ယူရာမှာ, ဖြေဆိုသူ ၃၄ ရာခိုင်နှုန်းက သူတို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ မိသားစုတွေကို ယုံကြည်စိတ်ချလို့ ဖွင့်ဟခဲ့ကြတာပါတယ်။ ၄ ရာခိုင်နှုန်းကတော့ သူတို့ အသိုင်းအဝိုင်းတွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သြဇာလွှမ်းတဲ့သူတွေဆီက အကူအညီရှာဖွေခဲ့ကြပါတယ် (ဒါမှမဟုတ်) သူတို့ အတွေ့အကြုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေပေးကြပါတယ်။ သိသာထင်ရှားတဲ့ ၃ ရာခိုင်နှုန်းကတော့ စိတ်ပိုင်းဆိုင်ရာ အကူအညီကို လက်ခံခဲ့ကြပါတယ်။ ဒါပေမယ့်လည်း  ရေငုံနှုတ်ပိတ်ပြီး ရုန်းမထွက်နိုင်ကြ သူတွေ, ဘယ်ကို လှည့်ထွက်ရမလဲ (ဒါမှမဟုတ်) ဘယ်လို ရှောင်တိမ်းရမလဲဆိုတာ မသေချာသူ, တနည်းနည်းနဲ့ သတ်မှတ်ပြီး သည်းခံရမှာပဲလို့ ယုံကြည်နေကြတဲ့ U- Reporter တွေက အများကြီး ရှိနေကြ ဆဲပါ။

    လူ့အဖွဲအစည်းမှာ  အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူတွေကို ရှုံ့ချနေချိန်မှာပင် ကာကွယ်တားဆီးရေး လုပ်ဆောင်ဖို့က များစွာ ကျန်ရှိနေပါသေးတယ်။ စစ်တမ်းအရ လူမှုအသိုက်အဝန်းတွေအတွင်း  U- Reporter  ၃၇ ရာခိုင်နှုန်းက ပိုမိုတင်းကြပ်တဲ့ ဥပဒေ လိုအပ်ကြောင်း အလေးထားလာခဲ့ကြပြီး လူမှုအသိုင်းအဝိုင်းထဲမှာ ချစ်သူလက်တွဲဖော်တွေနဲ့ပတ်သက်တဲ့ အသိပညာ တိုးမြင့်လာပါတယ်။ 

    တကယ်က အပြောင်းအလဲတစ်ခု ဖန်တီးပေးပြီး လွတ်မြောက်လာသူတွေကို ရဲရဲတင်းတင်းပြောဆိုနိုင်ဖို့၊ သူတို့လိုအပ်တဲ့ အကူအညီကို ရှာဖွေပေးဖို့ တိုက်တွန်းပါတယ်၊၊ ကျွန်မတို့ဟာ သားကောင်ကို အပြစ်တင်ကြတဲ့ ယဥ်ကျေးမှုကို ဖျက်သိမ်းပစ်ရပါမယ်၊ ကျွန်မလည်းပဲ, ဒါ - စော်ကားဖို့ ထိုက်တန်တဲ့အရာ လို့ ထင်ပြီး နှုတ်ဆိတ်ငြိမ်သက်ရင်း ကြိတ်မှိတ်သည်းခံနေခဲ့မိတယ်၊ U- Reporter ၅ ဦးမှာ တစ်ဦးက ကိုယ့်ရဲ့ နာကျင်မှုကို ဖုံးကွယ်ထားရင်း တစ်ယောက်ထဲ တောင့်ခံနေရတာ ဘာကြောင့်လဲဆိုတော့ တခြား ဘာဆက် လုပ်ရမလဲ မသိခဲ့လို့ပါ၊” “ တိတ်တိတ်လေး ခံစားနေရသူတွေဟာ စီရင်ဆုံးဖြတ်ချက်တွေ (ဒါမှမဟုတ်) အရှက်တရားတွေ မပါပဲနဲ့ သူတို့ အသံကို ရှာဖွေနိုင်စေဖို့ လွတ်‌မြောက်လာသူတို့ ဝန်းကျင်က အမဲစက်တွေ နဲ့ နားလည်မှုလွဲတာတွေကို ပပျောက်စေဖို့ အချိန်တန်နေပါပြီလို့မင်းကပြောပါတယ်။  

    “U- Report ကတဆင့် သူတို့အသံတွေကို မျှဝေပေးနေတာဟာ လူအများရဲ့ အသိအမြင်မှာ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတစ်ခု ဖန်တီးပေးနိုင်ဖို့ နဲ့ ချစ်သူ လက်တွဲဖော်ရဲ့ အကြမ်းဖက်မှု အပေါ် အရေးယူ ဆောင်ရွက်မှုကို အကူအညီဖြစ်စေဖို့ သူတို့အသံတွေကို နားထောင်တယ်ဆိုတဲ့ ခံစားချက်ကို လုပ်ပေးတာ ဖြစ်တယ်လို့ မင်းနဲ့သူတို့ က ပြောပါတယ်။  

    ကျွန်မက လက်တွဲဖော်ရဲ့ အကြမ်းဖက်မှုက လွတ်မြောက်လာသူတစ်ယောက်ပါ၊ ဒါပေမယ့် ကျွန်မရဲ့ နှလုံးသားထဲမှာ အခုထိ နာကျင်နေဆဲပါပဲ။

ဒီဆောင်းပါးက ချစ်ခဲ့မိသူ လက်တွဲဖော်ရဲ့ အကြမ်းဖက်ရက်စက်မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုကနေ လွတ်မြောက်လာသူတိုင်းရဲ့ ခွန်အားနဲ့ စိတ်ဓာတ်ခိုင်မာမှုတို့အတွက် ရည်စူးရေးသားထားခြင်း ဖြစ်ပါတယ်။ 

မင်းနဲ့သူတို့ က အမည်မှန် မဟုတ်ပါ - သူတို့ရဲ့ နာမည်တွေကို အမည်လွှဲပြောင်းထားပါတယ်။

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo