Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
U-Reporters across Myanmar talk about Access to Safe and Clean Water (Burmese)

ရေအသက် ၇ရက်၊ ထမင်းအသက် ၁ မနက်”

Written By Edison Htun (U-Reporter)


မြန်မာစကားပုံတွေထဲမှာ လူတစ်ယောက်ဟာ ထမင်းမစားဘဲ ၇ရက်တာ အသက်ရှင်နေနိုင်ပေမယ့် ရေမသောက်ဘဲ တစ်မနက်မနေနိုင်ဘူးဆိုပြီး ရှိပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ အညစ်အကြေး၊ ပိုးမွှားတွေနဲ့ ဓာတုပစ္စည်းတွေ ကျနော်တို့ ပတ်ဝန်းကျင်မှာ အများကြီးရှိနေတဲ့အတွက် “သန့်ရှင်းစိတ်ချရတဲ့ ရေအသက် ၁မနက်” ရယ်လို့ ဒီစကားပုံကို ပြောင်းမှပဲ တော်ကာကျမယ်ထင်ပါတယ်။

သန့်ရှင်းစိတ်ချရတဲ့ ရေဆိုတာ ဘယ်လိုမျိုးပါလဲ။ ပြီးတော့ ကျနော်တို့တွေ ဘယ်လို လက်လှမ်းမီရရှိနိုင်ပါမလဲ။

မြန်မာနိုင်ငံက U-Reporter တစ်ထောင်ကျော် ပါဝင်ဖြေဆိုခဲ့ကြတဲ့ ဘေးကင်းလုံခြုံမှုရှိတဲ့ရေနဲ့ ပတ်သက်တဲ့ U-Report မေးခွန်းမှာတော့ ဖြေဆိုသူ လူငယ် ၅၅ % ကတော့ ရောဂါပိုးမွှားတွေ၊ ဓာတုပစ္စည်းတွေ မပါဘဲ သောက်သုံးဖို့နဲ့ အိမ်သုံးအတွက် တစ်နှစ်ပတ်လုံး အလွယ်တကူရရှိနိုင်တာကို သန့်ရှင်းတဲ့သောက်သုံးရေလို့ ယူဆကြောင်း ထင်မြင်ချက်ပေးခဲ့ပါတယ်။

အဆိုပါ U-Report မေးခွန်းမှာပဲ မိသားစုဝင်ငွေဟာ သန့်ရှင်းဘေးကင်းတဲ့ သောက်သုံးရေရရှိဖို့အတွက် အကြီးမားဆုံးအခက်အခဲဖြစ်ပါတယ်လို့လည်း ဖြေဆိုမှုရလဒ် ၂၁% က ဖော်ပြနေပါတယ်။ သောက်သုံးဖို့နဲ့ အိမ်သုံးဖို့အတွက် ရေရရှိဖို့ကို အချိန်နဲ့‌‌ ‌ငွေအများကြီးကုန်ရတယ်လို့ U-Reporter % ကဖြေဆိုထားတာကိုလည်း စိတ်ဝင်စားစရာအနေနဲ့ တွေ့ရပါသေးတယ်။

ဖွံ့ဖြိုးပြီးဒေသတွေနဲ့ မြို့အများစုမှာတော့ သန့်ရှင်းတဲ့သောက်သုံးရေဆိုတာတော့ အိမ်က ရေဘုံပိုင်တွေကအစ စတိုးဆိုင်က ရေသန့်ဘူးတွေအဆုံး နေရာတိုင်းနီးပါးမှာ လူတိုင်းအဖို့ အလွယ်တကူရရှိနေကြပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရေတွင်းရေကန်တွေ၊ မိုးရေနဲ့ မြစ်ချောင်းတွေကိုသာ အဓိကရေအရင်းအမြစ်အနေနဲ့ အားထားအသုံးပြုနေရသေးတဲ့ ကျေးလက်ဒေသတွေမှာတော့ သန့်ရှင်းဘေးကင်းတဲ့ရေလက်လှမ်းမီရရှိဖို့ဆိုတာ အခက်အခဲတစ်ခုအဖြစ် ရှိနေတုန်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း နေရပ်ဒေသကနေ ရွေ့ပြောင်းနေထိုင်ကြရတဲ့ မိသားစုတွေမှာဆိုရင် သန့်ရှင်းဘေးကင်းတဲ့ရေလက်လှမ်းမီရရှိဖို့ဆိုတာ အကြောင်းအမျိုးမျိုးကြောင့်  ပိုပြီး ခက်ခဲနေပါသေးတယ်။  ဒီလို ရွေ့ပြောင်းနေထိုင်တဲ့မိသားစု ၂၅ ကနေ ၅၀ % ကသာ သန့်ရှင်းဘေးကင်းတဲ့ရေလက်လှမ်းမီရရှိနေသေးကြောင်း U-Report မေးခွန်းရလဒ်တွေအရ သိရှိရပါတယ်။ ဒီအချက်အလက်တွေအရ သန့်ရှင်းဘေးကင်းတဲ့ရေလက်လှမ်းမီရရှိဖို့အတွက် ဒေသတွင်းတာဝန်ရှိသူတွေ၊ UN အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေအနေနဲ့ ပိုမိုအားထုတ်လုပ်ဆောင်သင့်ပါတယ်လို့လည်း U-Reporter တွေကလည်း ထပ်ဆောင်းဖြေကြားထားပါသေးတယ်။

သက်ဆိုင်ရာပြည်တွင်းအဖွဲ့အစည်းတွေအနေနဲ့ သန့်ရှင်းဘေးကင်းတဲ့ရေ လက်လှမ်းမီရရှိဖို့အတွက် အဓိကကျပေမယ့်လည်း ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အာရုံစိုက်လုပ်ဆောင်မှုလည်း အားနည်းလိုအပ်နေသေးတယ်လို့ U-Reporter တွေကတော့ ထင်မြင်ချက်တွေ ဖြေကြားထားပါသေးတယ်။ ဒီလို အလေးပေးလှုံ့ဆော်လုပ်ဆောင်မှုတွေနဲ့ အထောက်အပံ့တွေရရှိတာမှတဆင့် မိသားစုတိုင်း သန့်ရှင်းဘေးကင်းတဲ့ သောက်သုံးရေကို လက်လှမ်းမီရရှိပြီး မြန်မာနိုင်ငံတွင်းရှိ လူမှုအသိုင်းအဝိုင်းအတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo