Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
ငါတို့ဝန်၊ ငါတို့တာဟာ ငါတို့ကမ္ဘာရဲ့ အနာဂတ်ဖြစ်လို့ မျက်နှာလွဲခဲပစ်လုပ်လို့ တော့ဘယ်ဖြစ်မလဲ။

ငါတို့ဝန်၊ ငါတို့တာဟာ ငါတို့ကမ္ဘာရဲ့ အနာဂတ်ဖြစ်လို့ မျက်နှာလွဲခဲပစ်လုပ်လို့ တော့ဘယ်ဖြစ်မလဲ။


စာရေးသူ - အိမ့်သဲဆု 




U-Reporterတို့ရေ ဒီကနေ့ ဧပြီ(၂၂)ရက်နေ့ကတော့ Mother of the Earth Day (အပြည်ပြည်ဆိုင်ရာ မြေကမ္ဘာနေ့)ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “Invest in our planet “ဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ ကမ္ဘာ ကြီးကို ဝိုင်းဝန်းထိန်းသိမ်းပြီး သဘာဝ သယံဇာတ တွေက်ု အကျိုးရှိရှိ သုံးစွဲတတ်စေဖို့ဘဲ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ ကမ္ဘာကြီးပူနွေးလာမှု (global warming)က ရာသီဥတုပြောင်းလဲခြင်းလှုပ်ရှားမှုတွေရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာပါတယ်။ မြို့ပြတွေမှာ ကာအသုံးပြုမှု များပြားလာခြင်းကြောင့်  carbon dioxide (greenhouse)အများအပြားထွက်လာတယ်။greenhouse gasတွေက ကမ္ဘာကြီးကို ပူနွေးလာစေပြီး ရာသီဥတုကို ဖောက်ပြန်စေတယ်။ Climate changeပြသာနာတွေကလည်းfuture generation ကို အများအပြား သက်ရောက်မှုရှိနေပါတယ်။ကမ္ဘာတစ်ဝန်းလုံးက ကလေးငယ် 1 billion ကျော်ဟာ climate change ကြောင့်ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေကို ခံစားနေရပါတယ်။


လူသားတွေလုပ်လို့ ဖြစ်လာတဲ့ ဆိုကျိုးတွေအတွက် ထိန်းသိမ်းဖို့ “ငါတို့ဝန်၊ ငါတို့တာဟာ ငါတို့ကမ္ဘာရဲ့ အနာဂတ်ဖြစ်လို့ မျက်နှာလွဲခဲပစ်လုပ်လို့ တော့ဘယ်ဖြစ်ပါ့မလဲ။ လက်ရှိအသက်ရှင်နေထိုင်နေတဲ့သူတွေမှာလဲတာဝန်ရှိသလို လက်ဆင့်ကမ်းလာမဲ့ နောက်မျိုးဆက်ကိုလဲ သူတို့ရဲ့  ကမ္ဘာကြီးကို ထိန်သိမ်းဖို့ အင်မတန်မှအရေးကြီးတယ်လို့ခံယူချက်တစ်ခုအနေနဲ့ ရှိအောင် သူတို့စိတ်ထဲမှာစွဲနေအောင် အသိပညာပေးခြင်းအားဖြင့် အနာဂတ်ရဲ့ ရင်းနှီးမြှပ်နှံမှုတစ်ခုအနေနဲ့လုပ်ဆောင်သင့်ပါတယ်။” ဒီလိုမျိုးလူငယ်တွေရဲ့ အသိထဲမှာစွဲနေဖို့ဆိုရင် သူတို့နေစဉ်ထိတွေ့ဆက်ဆံ နေရတဲ့ လူ့ပတ်ဝန်းကျင်တိုင်းလိုလိုမှာ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနဲ့ပတ်သတ်တဲ့ စာအသိပညာပေးတာတွေ၊ လက်တွေလုပ်ဆောင်ရမဲ့ အလေ့အထလေးတွေဖြစ်အောင် ဖန်တီးပေးသင့်ပါတယ်။ ဥပမာ လူငယ်တွေနဲ့အမြဲရှိနေတဲ့ပတ်ဝန်းကျင်တွေဖြစ်တဲ့ ကျောင်း၊ အများသုံးသယ်ယူပို့ဆောင်ရေးယာဥ်၊ ဆိုရှယ်မီဒီယာစတဲ့ နေရာတွေမှာ လက်တွေလက်ဆောင်ရတဲ့ မဖြစ်မနေလုပ်ဆောင်ရမဲ့ အလေ့အကျင့်တွေရာ၊ အသိပညာရစေမဲနည်းလမ်းပေါင်းစုံနဲ့ လူငယ်တွေအပေါ်မှာ အနာဂတ်ကမ္ဘာထိန်းသိမ်းဖို့အတွက် ရင်းနှီးမြှပ်နှံသင့်ပါတယ်။ 


ကျွန်မတို့future generation လူငယ်တွေအနေနဲ့လည်း နေ့စဉ်ဘဝမှာpollution ဖြစ်စေတဲ့အရာတွေကို တတ်နိင်သမျှလျော့ချခြင်း၊ကမ်းခြေတွေ သွားတဲ့အခါ ရေနေ သတ္တဝါတွေကို ထိခိုက်စေတဲ့ chemical suncream ကို လျော့သုံးခြင်း ၊မလိုအပ်ဘဲ စွမ်းအင်အရင်းအမြစ်များကို မသုံးစွဲခြင်း၊လူငယ်တွေက ဦးဆောင်ပြီး sustainable lifestyle အလေ့အကျင့်တွေဖြစ်တဲ့ (အဝတ်အထည်တွေ ပစ္စည်းတွေ မလိုအပ်ဘဲ အသစ်ဝယ်ယူ သုံးစွဲခြင်းမပြုခြင်း )စတဲ့ အတွေးအခေါ်များကျယ်ပြန့်အောင်ပြုလုပ်ခြင်း စတဲ့ ကိုယ်တတ်စွမ်းတဲ့ဘက်ကနေ ကမ္ဘာကြီးနှင့် သဘာဝ ပတ်ဝန်းကျင်ကို တတ်နိင်သမျှ ထိန်းသိမ်းလို့ရပါတယ်။

NGO/INGOအဖွဲ့အစည်းများကလည်း climate change event နဲ့ပတ်သက်ပြီး awareness ပေးခြင်း၊campaign များ ပြုလုပ်ပေးခြင်းများကို လူငယ်တွေနဲ့အတူ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို လက်တွဲလုပ်ဆောင် သင့်ပါတယ်။

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo