Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
Childhood Memories - 5

နယ်မြို့လေးတစ်မြို့ရဲ့မီးထွန်းပွဲတွေဟာ မြို့ကြီးပြကြီးတွေမှာလို အရောင်ဖြာတောက်စည်ကားမနေပေမဲ့ အေးချမ်းစွာစည်ကားသိုက်​မြိုက်နေပါတယ်။ ကမ်းခြေကျေးရွာလေးဖြစ်တော့ ပိုပြီး စိတ်နှလုံးချမ်းမြေ့ဖွယ်‌ပါပဲ။

ငယ်စဉ်‌တောင်‌ကျေးကလေးဘဝကဆို သီတင်းကျွတ် တန်ဆောင်တိုင် ရောက်တော့မည်ဆိုရင် ပုံမှန်နေ့တွေထက်ပိုပျော်နေတတ်တယ်။ အဲ့ဒီနေ့တွေဆိုရင် ရွာသူ/ရွာသားများ လူကြီး/လူငယ်‌တွေသာမက ကလေးပါမကျန် ဘုန်းကြီးကျောင်းမှာ မီးပုံး‌တွေအလှဆင်ပေးရင်းလုပ်အားပေးတတ်တဲ့ ဓလေ့ရှိကြတယ်။ အိမ်တိုင်းရဲ့ ဝရံတာမှာ ဆီမီးတွေစီရီစွာထွန်းကြ အအလှမီးပုံးလေးတွေချိတ်စွဲထားကြသေးတယ်။ အိမ်ခြံအတွင်းမှာလည်း သဲပုံလေးတွေဘေးမှာသစ်ရွက်ကလေးတွေနဲ့အလှဆင်ပြီးဆီမီးထွန်းကြသည်။ အိမ်မှာ ဆီမီးတွေနဲ့အလှဆင်ပြီးတဲ့နောက်မှာ မောင်နှမတွေစုပြီး လူကြီးမိဘများကို ကန်တော့ကြတယ်။ ဒီလိုပိတ်ရက်တွေဆိုသူငယ်ချင်းတွေ ဆုံဖြစ်ကြတယ်။
သူငယ်ချင်းတွေအားလုံးစုပြီး ဆရာ/ဆရာမတွေကိုသွားကန်တော့ကြတယ်။ ရွာရဲ့လမ်းမကြီးတစ်လျှာက်မှာလဲ အလှမီးသီးတွေနဲ့အလှဆင် ချိတ်ဆွဲထားတာ ရင်သပ်ရှုမောဖွယ်ပဲ။
ကမ်းခြေတစ်လျှောက် မှာလည်း မီးပုံပွဲကျင်းပပြီး ဂစ်တာတီးတဲ့သူကတီး၊ လိုက်ကတဲ့သူက က၊ ပင်လယ်စာ ကင်စားနေကြသူတွေကစား နဲ့ ၊ မီးရှူးမီးပန်းတွေ ဆော့ရင်း ကောင်းကင်ကိုဖြာတက်သွားတဲ့ အလင်းရောင်အလှကိုကြည်နူးစရာပါ။ ကာရံစုံပန်းချီကားတစ်ကား ကမ်း‌‌ခြေရွာမှာ စခန်းချနေတာပေါ့။ အရင်က ဒီလိုနေ့တွေဆို ကျွန်မတို့သူငယ်ချင်းတစ်စု အိမ်တစ်အိမ်မှာစုပြီး မုန့်လုပ်စားကြတယ်။ အရင်ကအကြောင်းအရာတွေပြန်ပြောကြပြီးရယ်မောပျော်ရွှင်နေကြတဲ့သူငယ်ချင်းတွေရဲ့ စကားခွန်းချိုတီးတိုးဆိုသံများနဲ့ ဒီမီးထွန်းပွဲတော်ပိတ်ရက်ကာလတွေဟာ အပျိုဖြန်းလေးပမာ အစဉ်နုပျိုနေတော့မှာပါ။

ရွှန်းလဲ့နေခြည်
U-Reporter

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo