Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
About


U-Report သည်လူငယ်လူရွယ်များနှင့် သက်ဆိုင်သော ကိစ္စများကို ဖော်ထုတ်ရန် ရည်ရွယ်ထားသည့် အခမဲ့အစီအစဉ်တစ်ခုဖြစ်ပြီး လူထုကပူးပေါင်းပါဝင်နိုင်ပါသည်။ မေးခွန်းများကို Facebook Messenger မှတဆင့် U-Report အစီအစဉ်တွင် ပါဝင်သူ U-Reporter များကို ပေးပို့မှာဖြစ်ပြီး ပြန်လည်ဖြေကြားချက် သတင်းအချက် အလက်များကိုလည်း အချိန်နှင့်တပြေးညီ စုစည်းသွားမှာ ဖြစ်ပါတယ်။



လူငယ်များ၏ အဖြေများနှင့်ထင်မြင်ချက်များကို U-Reporter များအားပြန်လည်အသိပေး သွားမှာဖြစ်ပါတယ်။ မေးခွန်းများသည်

  • ကျန်းမာရေး၊
  • ပညာရေး၊
  • ရေ၊တကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့် ရှင်းရေး၊
  • လူငယ်များ၏အလုပ်လက်မဲ့ အခြေအနေ၊
  • အိပ်ချ်အိုင်ဗီ၊အေအိုင်ဒီအက်စ်၊
  • အခြားဖြစ်ပေါ်နေသော ရောဂါများနှင့် ပတ်သတ်သော မေးခွန်းများကိုမေးခဲ့ပြီးဖြစ်ပါသည်။

  • ရရှိလာသော အချက်အလက်များကို အသက်၊ ကျားမ၊ ပြည်နယ်၊ ရပ်ကွက်အဆင့်ထိ အချိန်နှင့်တပြေးညီပိုင်းခြားသတ်မှတ်နိုင်ပါသည်။အစီအစဉ်တွင်ပါဝင်ခြင်းမှာမိမိသဘောဆန္ဒအလျောက်ဖြစ်ပြီး အသုံးပြုသူအားလုံးအတွက် "အခမဲ့" ဖြစ်ပါသည်။



    U-Report သည် ရပ်ရွာဦးဆောင်သည့်ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံသားများအတူပူးပေါင်းပါဝင်ရေးနှင့် အပြုသဘော ဆောင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်ရန်အားဖြည့်ကူညီပေးထားသည်။ ဤအစီအစဉ်သည် မိမိသဘောအလျောက် လွတ်လပ်စွာပါဝင်၊လွတ်လပ်စွာထွက်သွားနိုင်ပြီးမိမိတို့ရပ်ရွာ အသိုင်းအဝိုင်းတွင် ဖြစ်ပေါ်လျက်ရှိသောကိစ္စများနှင့် ပတ်သတ်သည့်သတင်းအချက် အလက်များကိုပေးပို့ကြသော လူငယ်များအပေါ်တွင် မှီခိုအားထားသည်။


    မိမိတို့ ရပ်ရွာအသိုင်းအဝိုင်းတွင်မည်သည်တို့ဖြစ်ပျက်နေသည်နှင့် ပတ်သတ်၍ နိုင်ငံသားများအနေဖြင့် ပြောကြား ခွင့်ရခြင်း၊ ၎င်းတို့ နေထိုင်ရာနယ်မြေ ဒေသနှင့်နိုင်ငံအဆင့် မီဒီယာများမှတဆင့် မိမိတို့အသံများကိုကြားစေခြင်း၊ နယ်မြေဒေသအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများကို ထိုရပ်ရွာ နယ်မြေဒေသရှိပြည်သူများရင်ဆိုင်နေရသည်များကိုသတိပြု အရေးယူဆောင်ရွက်နိုင်ရန် အသိပေးနိုင်ခြင်းနှင့် အရေးပါအသုံးဝင်သောသတင်းအချက်အလက်များကို U-Report တွင်ပါဝင်သူများကိုပြန်လည်အသိပေး အကြောင်းကြားခြင်း စသည်တို့ ကို U-Report အစီအစဉ်ကဆောင်ရွက်ပေးသည်။ သို့မှသာ ပြည်သူများအနေဖြင့် မိမိရပ်ရွာဒေသဖွံ့ဖြိုးရေးလုပ် ငန်းများတွင် ကိုယ်တိုင် တစ်တပ်တစ်အားပါဝင်နိုင်ပြီး အပြုသဘောဆောင်သော ပြောင်းလဲမှုများကိုဆောင်ရွက်နိုင်သည့်အင်အားနှင့်စွမ်းရည်များရရှိလာမည်ဖြစ်သည်။

    See by the numbers how we are engaging youth voices for positive social change.
    EXPLORE ENGAGEMENT
    UNICEF logo