YOUTH
စိတ်လှုပ်ရှားရင် သူငယ်ချင်းတို့ရဲ့စိတ်ကို တည်ငြိမ်အောင်ဘယ်လိုလုပ်ကြလဲ
April 11, 2017
အားဖြင့် ကို စည်သူ
ထပ်မံဖတ်ရှုရန်

သတင်းနောက်ဆက်တွဲ

သူငယ်ချင်းတို့အနေနဲ့ ဘဝမှာ စိတ်လှုပ်ရှားစရာ ကိစ္စတွေအများကြီးကြုံဖူးမှာပေါ့နော်။😊အဲ့လိုစိတ်လှုပ်ရှားရင် သူငယ်ချင်းတို့ရောဘယ်လိုများ ကို့ရဲ့စိတ်ကို တည်ငြိမ်အောင်ပြန်လုပ်ကြလဲဟင်?။
ကွီးလည်းအဲ့လိုစိတ်လှုပ်ရှားစရာတွေကြုံဖူးတယ် 😁 ပွဲတွေသွားတဲ့ အခါ သီချင်းတွေဆိုတဲ့အခါ နောက်စာမေးပွဲခန်းထဲဝင်တဲ့ အခါတွေမှာ စိတ်လှုပ်ရှားတာအရမ်းဘဲ😂
အဲ့လိုအချိန်တွေမှာဆို ကွီး အနေစိတ်လှုပ်ရှာတာပျောက်အောင် ဘာလုပ်လဲ ဆိုတော့ မျက်စိကလေးက်ု မှိတ်ပီး ကိုယ်လုပ်ဆောင်ရမဲ့ အရာတွေ ကို အစီအစဉ်ချလိုက်တယ်။ပြီးတော့ ဒီအလုပ်ကို ငါတစ်ယောက်တည်းဘဲ လုပ်ရမှာ ဆိုပြီးတွေးလိုက်တယ် ငါ့အနားမှာဘယ်သူမှမရှိဘူး ငါ့ကို စောင့်ကြည့်နေတဲ့သူမရှိဘူးဆိုပြီးတွေးလိုက်တယ် ။😉ဘာကြောင့်လဲဆိုတော့ စိတ်လှုပ်ရှားတယ် ဆိုတာ မိမိကို စောင့်ကြည့်နေတဲ့မျက်လုံးတွေကို ကြောက်စိတ်ဖြစ်ရာကနေဖြစ်ပေါ်လာတာလေ။ဒါကြောင့် သူငယ်ချင်းတို့လည်း စိတ်လှုပ်ရှားလာပြီဆိုရင်
ကိုယ့်ကိုကြည့်နေတဲ့သူမရှိဘူး၊ အနားမှာဘယ်သူမှမရှိဘူး
လို့သာတွေးလိုက် စိတ်လှုပ်ရှားမှုတွေ မရှိဘဲ ကိုယ်လှုပ်ဆောင်ရမဲ့ အရာကို အမှားမရှိဘဲ ကောင်းမွန်အောင်လုပ်ဆောင်နိုင်လာမယ်လေ။အဲ့လိုဆိုရင် ကို့ကိုယ်ကို လည်း ယုံကြည်မှုရှိလာမယ် အရာရာကို လည်းရဲရဲဝံ့ဝံ့လုပ်ဆောင်လာနိုင်မယ်လေ။
ကဲဒါကြောင့်မို့လို့ ကြောက်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပီး တော့ အရာရာကို ရဲဝံစွာ လုပ်ဆောင်ကျော်ဖြတ်ကြပါစို့....😉''

ဖော်ပြထားသော ဓါတ်ပုံများ


ပတ်သတ်နေသော သတင်းဆောင်းပါးများ

U REPORT CONTENT GROUP ဆိုတာကတော့ နယ်ပယ်အသီးသီးက လူငယ်တွေနဲ့ ဖွဲ့စည်းထားတာပါ
ထပ်မံဖတ်ရှုရန် →
တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့လူက တစ်ခြားလူတွေထက် ပိုဆွဲဆောင်မှုရှိတယ်
ထပ်မံဖတ်ရှုရန် →
စိတ်ဓာတ်ကျရောဂါဆိုတာ ကုသပျောက်ကင်းနိုင်ပါတယ်
ထပ်မံဖတ်ရှုရန် →

သိမ်းထားသော သတင်းဆောင်းပါးများ

စစ်ထုတ်ပေးခြင်း

စာရင်း