Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
အားကစားကို ငယ်​တုန်းရွယ်တုန်းမှာစတင်ပြီး စွဲစွဲမြဲမြဲလုပ်ဖို့ U-Reporter လူငယ်တစ်ဦးမှ အမြင်များပြန်လည်မျှဝေ

လူငယ်​ဆိုတာ ကမ္ဘာကြီးကို​ပြောင်းလဲပစ်နိုင်တဲ့ အရည်​အချင်း​တွေပိုင်​ဆိုင်​ထားကြတဲ့၊ တန်​ဖိုးရှိတဲ့လူသားအရင်းအမြစ်​​တွေဖြစ်​ပါတယ်​။ လူငယ်​​တွေလို့​ပြောလိုက်​တာနဲ့ကိုယ်​ခန္ဓာကျန်းမာသန်​စွမ်းခြင်းဆိုတဲ့အရာက ကပ်​ပါလာပါတယ်​။

ဆယ်​​ကျော်​သက်​အရွယ်၊ လူငယ်အရွယ်မှာ ကိုယ်​ခန္ဓာကျန်းမာသန်​စွမ်းဖို့အတွက်​ အားကစားဆိုတဲ့ အခန်းကဏ္ဌကိုလည်း ​မေ့ထားလို့မရပါဘူး။ ဒီ​နေ့​ခေတ်​မှာ လူဂယ်တွေအနေနဲ့က သင်ယူလေ့လာစရာတွေများနေရင်းနဲ့ပဲ အချိန်ကုန်တာများတယ်။ အဲ့တော့ တခါတလေဆို စိတ်ဖိစီးတွေအရမ်းများလာတယ်။ဒီတော့ ကျွန်​​တော်​တို့အတွက်​အကျိုးရှိ​စေမယ့်​အရာ​တွေကို​လေ့လာသင်​ယူရင်းနဲ့လည်း ကိုယ်နှစ်​သက်​တဲ့အားကစားတစ်​မျိုးမျိုးကို ပုံမှန်​ပြုလုပ်​​ပေးခြင်းက စိတ်​ဖိစီးမှုတွေကို​လျှော့ချနိုင်​ပါတယ်​။ အညောင်းအညာပြေစေတယ်။

အားကစားလုပ်​တယ်ဆိုတာမှာလည်း ဘယ်လိုအားကစားလှုပ်ရှားမှုပဲလုပ်လုပ်ပါ၊ ကျန်းမာ​ရေးရှူ​ထောင့်​ဘက်ကပဲဖြစ်ဖြစ် ​​​ကိုယ်ကိုယ်​တိုင်​အတွက်​ပဲဖြစ်​ဖြစ်​ အရမ်းအကျိုးရှိတယ်​။ ကျွန်​​တော်​တို့လိုဆယ်​​ကျော်​သက်​လူငယ်​​တွေက ​လျင်မြန်စွာတိုးတတ်ေ​​​ပြာင်းလဲ​နေတဲ့​ခေတ်​နဲ့အတူ ကိုယ်နှစ်သက်တဲ့၊ ကိုယ်လုပ်တဲ့ အားကစားကို ငယ်​တုန်းရွယ်တုန်းမှာမလုပ်​ဖြစ်​ခဲ့ဘူးဆိုရင်​ အသက်ကြီးလာလို့ အလုပ်​ခွင်​ဝင်​​ရောက်​တဲ့အချိန်​မှာ အလုပ်တွေမအားလို့ပဲဖြစ်ဖြစ်၊ အချိန်မပေးနိုင်တော့ရင်ပဲဖြစ်ဖြစ် မလုပ်ဖြစ်ဖို့များနိုင်ပါပြီ။ ဒါကြောင့် လူငယ်လူရွယ်တိုင်း အချိန်ရရင်ရသလို အားကစားလုပ်ကြပါလို့ တိုက်တွန်းပါရစေ။

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo