Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
လူငယ်များ၏ ကျန်းမာရေးဆိုင်ရာ ဗဟုသုတနှင့် အလေ့အထများကို တိုင်းတာခြင်း

၂၀၁၇ ခုနှစ်တွင် ကျန်းမာရေးနှင့် သက်ဆိုင်သည့်အကြောင်းများကို သဘောထားစစ်တမ်းမေးခွန်းများဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ U-Reporter လူငယ်များထံသို့ မေးမြန်းခဲ့ပါသည်။ အချို့သော ရောဂါများဖြစ်သည့် တုပ်ကွေးနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အိတ်ခ်ျအိုင်ဗွီအိတ်စ်) စသည့် ရောဂါများအကြောင်း မည်မျှ သိရှိထားသနည်းနှင့် ထိုရောဂါများကို ကာကွယ်နိုင်သည့် နည်းလမ်းများဆိုင်ရာ ဗဟုသုတများ မည်မျှသိရှိထားသနည်းကို တိုင်းတာလိုခြင်း ဖြစ်ပါသည်။ ထို့အပြင် လူငယ်များအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်မှု၊ အတားအဆီးများ ရှိနေလျှင်လည်း ထိုအတားအဆီးများနှင့် သက်ဆိုင်သည်များကိုလည်း မေးမြန်းခဲ့ပါသည်။  တုန့်ပြန်ဖြေကြားလာသည့် အချက်များမှ ကောက်နှုတ်ချက်များကို ဆက်လက်ဖေါ်ပြအပ်ပါသည်။

၁။ ကျန်းမာရေးစောင့်ရှောက်မှုရရှိခြင်းဆိုင်ရာမေးခွန်းတွင် U-Reporter များသည် ယခုနှစ်အတွင်းရှိ အချိန်ကာလတစ်ခုတွင် နေမကောင်းဖျားနာ ဖြစ်ကြပြီး အများစုသည် ဆေးရုံ သို့မဟုတ် ကျန်းမာရေးစင်တာများတွင် စောင့်ရှောက်မှု ခံယူရကြောင်း ကျွန်ုပ်တို့လေ့လာသိရှိရပါသည်။ သူတို့နေထိုင်ရာပတ်ဝန်းကျင်တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့လိုအပ်သူများသည် စောင့်ရှောက်မှု ရရှိနိုင်ဖို့အတွက် အဓိကအတားအဆီးသည် ငွေကြေးဖြစ်ကြောင်း သူတို့က ကျွန်ုပ်တို့ကိုပြောပြပါသည်။

 

 

 

 

 

သဘောထားစစ်တမ်းအဖြေ အပြည့်အစုံကိုဤနေရာတွင်ကြည့်နိုင်ပါသည်

၂။ သွေးလွန်တုတ်ကွေးအကြောင်း   ဗဟုသုတဆန်းစစ်ရာတွင် လွန်စွာကျေနပ်အားရဖွယ် တွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် U-Reporter အများစုသည် အဖျားမည်သို့ကူးစက်တတ်သည်၊ ကူးစက်မခံရစေရန် မည်သို့ကာကွယ်ရမည်ကို သိရှိထားကြသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ သွေးလွန်တုတ်ကွေး သို့မဟုတ် အခြားကျန်းမာရေးဆိုင်ရာ ပညာပေးသတင်းစကားများကို ပြည်သူများထံသို့ ရောက်ရှိစေဖို့ မီဒီယာ(အထူးသဖြင့် ရုပ်မြင်သံကြား)သည် အဓိကကျသည့် လမ်းကြောင်း ဖြစ်ကြောင်းပြောထားသည် ကိုတွေ့ရသည်။

 

 

သဘောထားစစ်တမ်းအဖြေအပြည့်အစုံကို ဤနေရာတွင်ကြည့်နိုင်ပါသည်။  

၃။ HIVရောဂါပိုးစစ်ဆေးခြင်း  အကြောင်းကိုလည်း မေးမြန်းခဲ့ပါသည်။ သူတို့အနေဖြင့် HIV ရှိ၊ မရှိ အခြေအနေကို သိရှိစေဖို့ ဆန္ဒရှိပါသလားဟု မေးမြန်းခဲ့ပါသည်။ အားရကျေနပ်စရာကောင်းသည်မှာ အများစုက သိရှိဖို့ဆန္ဒရှိကြောင်းနှင့် အများစုက သူတို့နေထိုင်ရာပတ်ဝန်းကျင်တွင် HIVရောဂါပိုးစစ်ဆေးခြင်း နှင့်  နှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှုများ အခမဲ့ရရှိနိုင်ကြောင်းသိရှိထားကြသည်။ 

 

 

သဘောထားစစ်တမ်းအဖြေအပြည့်အစုံကို ဤနေရာတွင်ကြည့်နိုင်ပါသည်။

၎။ လက်ကိုစင်ကြယ်စွာဆေးခြင်း  အလေ့အထသည် ကျန်းမာစေဖို့ လွန်စွာအရေးကြီးသည့်အတွက် လူငယ်များ၏ လက်ဆေးခြင်းနှင့် သက်ဆိုင်သည့်အလေ့အထများနှင့် ဗဟုသုတများကို သိရှိစေရန် မေးခွန်းများ ဖန်တီးခဲ့ပါသည်။ တုန့်ပြန်ဖြေကြားမှုများသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး အားတက်စေပါသည်။ အဘယ်ကြောင့်ဆိုသော် U-Reporter အများစုက သူတို့လက်ဆေးရာတွင် ရေနှင့်ဆပ်ပြာဖြင့် လက်ဆေးကြောင်း ပြောသည်။ ထိုနည်းတူ U-Reporter အများစုက အစားအစာများ မကိုင်တွယ်မှီနှင့် အစာမစားမှီ လက်ဆေးကြောင်း၊ အိမ်သာအသုံးပြုပြီးနောက်နှင့် အညစ်အကြေးများ ကိုင်တွယ်ပြီးနောက်တွင် လက်ဆေးကြောင်း ဖြေသည်။ အားရဖွယ်ရာကောင်းသည်မှာ U-Reporter ထက်ဝက်ကျော်က ဖြေရာတွင် လက်ကိုစင်ကြယ်စွာဆေးခြင်းကြောင့် ဝမ်းပျက်ဝမ်းလျော၊ ရာသီတုပ်ကွေး နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ကူးစက်ခြင်းတို့မှ ကာကွယ်နိုင်ကြောင်းဖြေကြား ထားသည်။

 

သဘောထားစစ်တမ်းအဖြေအပြည့်အစုံကို ဤနေရာတွင်ကြည့်နိုင်ပါသည်။

 

U-Report အစီအစဉ်အကြောင်းကို ပိုမိုသိရှိလိုပါသလား?

www.ureportmyanmar.in  သို့ဝင်ရောက်ကြည့်ရှုနိုင်ပြီး လူမှုကွန်ယက်စာမျက်နှာတွင်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။ www.facebook.com/UReportMyanmar  

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo