Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
U-Report မှတဆင့်ပေးပို့သော လူငယ်များ၏ အသံနှင့် ထင်မြင်ချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ၎င်း၏ ခရီးစဉ်အတွင်း အလေးထား ဆွေးနွေးသွားမည်
နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ သြဂုတ်လ (၃၁)ရက် - ၂၁ရာစု ပင်လုံညီလာခံနှင့် နိုင်ငံတော်အဆင့် အစည်းအဝေးများ မတက်ရောက်မီ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာ့လူငယ်များအရေးကို U-Reportအစီအစဉ်မှတဆင့် မြန်မာနိုင်ငံရှိလူငယ်များကို ဆက်သွယ် ဆွေးနေွးခဲ့သည်။ မြန်မာ့လူငယ်များအရေးနှင့် ၎င်းတို့အတွက် အရေးပါသော အကြောင်းအရာများ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများတွင် မည်သို့ပါဝင်နိုင်မည် စသည်တို့နှင့် ပက်သက်၍ လူငယ်များ၏ အမြင်များကိုဖလှယ်နိုင်ရန် မေးခွန်းများကို ပေးပို့လိုက်ရာ အသက် ၁၃နှစ်မှ ၂၅နှစ်အတွင်းရှိ U-Reporter ၁၂၀၀ကျော်က ပြန်လည်တုန့်ပြန်ဖြေဆိုခဲ့ကြသည်။ ယင်းဖြေဆိုမှုရလဒ်များကို ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဘတ်ထရန် ဘိန်းဗဲ(လ်)က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ သြဂုတ်လ ၃၁ရက်နေ့တွင်ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် တင်ပြဆွေးနေွးခဲ့သည်။  
”ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ လူငယ်များ လုပ်နိုင်စမွ်းအားရှိရေးနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး စတာတွေဟာ မြန်မာ့လူငယ်တွေအတွက် အရေးကြီးဆုံးအရာတွေလို့ သိရှိရပြီး အခုလိုအသိပေးမျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယခုမြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ တက်ရောက်ရမယ့် အစည်းအဝေးတွေနဲ့ ဆွေးနေွးပွေဲတွမှာ ဒီအကြောင်းအရာတွေကို အလေးပေးဆွေးနွေးသွားပါမယ်။ U-Report အစီအစဉ်မှာ ဆက်လက်ပါဝင်ပြီး မိမိတို့ရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေပါ ပါဝင်နိုင်ဖို့မျှဝေပေးပါ။ လူငယ်တွေရဲ့အမြင်တွေဟာ ကျွန်ုပ်တို့အားလုံးအတွက် အရေးပါပါတယ်။” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက U-Reporterများထံသို့ Facebook message မှတဆင့် ပြောကြားလိုက်သည်။    
ယင်းမေးခွန်းများကို U-Report အစီအစဉ်မှတဆင့် မေးမြန်းခဲ့ခြင်းဖြစ်ပြီး U-Report အစီအစဉ်သည် လူငယ်များနှင့်ချိတ်ဆက်ပေးပြီး ၎င်းတို့အတွက်အရေးပါသည့် အကြောင်းအရာ၊ အရေးကိစ္စများကို ထုတ်ဖော်ပြောကြားနိုင်ရန် အထောက်အကူပြုမည့်အစီအစဉ်တစ်ခုဖြစ်သည်။ လူငယ်များထံသို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မေးခွန်းများကို U-Report Myanmar Facebook မှတဆင့် အစဉ်လိုက် ပေးပို့ခဲ့ခြင်း ဖြစ်သည်။  
PRESS RELEASE      
 ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် မည်သည့်အချက်သည် အရေးကြီးဆုံးဖြစ်မည်ထင်ကြောင်း မေးမြန်းခဲ့ရာ ”စည်းလုံးညီညွတ်မ၊ှု” ”ယုံကြည်မှု၊” နှင့် ”တစ်ဦးနှင့်တစ်ဦး နားလည်နိုင်မှု”တို့ကို U-Reporter အများစုမှ ဖြေဆိုခဲ့ကြသည်။ ထို့အပြင် U-Reporter များအနေဖြင့် ၂၁ရာစုပင်လုံညီလာခံအပေါ် ကြီးမားသည့် မျှော်မှန်းချက်များ ထားရှိထားကြောင်းလည်း လေ့လာသိရှိရသည်။ အမုန်းပွားမည့်စကားများ မျှဝေပြောဆိုခြင်းမှရပ်တန့်ခြင်း၊ ခြွဲခားဆက်ဆံခြင်းအား ကန့်ကွက်ခြင်းနှင့် ငြိမ်းချမ်းရေးအတွက် စုပေါင်းလှုပ်ရှားမှုများ(လူမှုကွန်ယက်များမှအပါအဝင်) အစရှိသည်တို့ကို လုပ်ဆောင်ခြင်းအားဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့၏ တာဝန်သက်သက် မဟုတ်ဘဲ လူငယ်များအနေဖြင့်လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်ကြောင်း ဖြေဆိုခဲ့ကြသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများတွင် လူငယ်များသည် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်နေကြောင်း သိရှိနားလည်ပြီး ဖြစ်သည်။  
U-Report အစီအစဉ်ကို မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့တွင် မိတ်ဆက်ခဲ့ပြီး Facebook မှပါဝင်စာရင်းသွင်းပြီးသူ U-Reporter ၂၀၀၀ကျော်ရှိပြီဖြစ်သည့်အပြင် နေ့စဉ်နှင့်အမျှ စာရင်းသွင်းသူဦးရေ တိုးပွားလျှက်ရှိသည်။ ၂၀၁၇ခုနှစ်ကုန်တွင် U-Reporterပေါင်း ၁၀၀,၀၀၀ကျော်အထိ မြင့်တက်လာရန် မျှော်မှန်းထားသည်။  
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် U-Report အစီအစဉ်ကို Facebookမှတဆင့်ပါဝင်နိုင်ပြီး SMS မှလည်းပါဝင်နိုင်ရန် မိုဘိုင်းဖုန်း အော်ပရေတာများနှင့်လည်း ဆွေးနေွးမှုများ ပြုလုပ်နေဆဲဖြစ်သည်။ ”ဒီအစီအစဉ်ကို ပိုမိုချဲ့ထွင်နိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ ပဋိပက္ခဒဏ်ခံစားရပြီး ဝေးလံတဲ့နေရာတွေမှာ နေထိုင်ကြရတဲ့ လူငယ်လေးတွေလည်း သူတို့ရဲ့အသိုင်းအဝိုင်းအတွင်း ကြုံတွေ့နေရတဲ့အကြောင်းအရာ၊ အခြေအနေတွေကို ဝင်ရောက်ဆွေးနွေးပါဝင်နိုငဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။” ဟု မစ္စတာဘတ်ထရန် ဘိန်းဗဲ(လ်)က ပြောသည်။ ”မြန်မာနိုင်ငံရှိ ဒေသအချို့အတွက် SMS ပို့ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်နေသေးတာကြောင့် မြန်မာနိုင်ငံမှာရှိနေတဲ့ ဆက်သွယ်ရေး အော်ပရေတာ သုံးခုလုံးမှ စီးပွားရေး လုပ်ဆောင်တဲ့နေရာမှာ လူမှုရေးတာဝန်ယူမှုဖြစ်တဲ့ Corporate Social Responsibility (CSR)တစ်ခုအနေနဲ့ ဒီအစီအစဉ်မှာ ပါဝင်ကူညီပံ့ပိုးနိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီလို ကူညီပပံ့ိးုမှုမျိုး မရရှိခဲ့ရင် သန်းနဲ့ချီတဲ့ လူငယ်လေးတွေဟာ ဒီလိုအစီအစဉ်တွေမှာ ပါဝင်နိုင်မှာ မဟုတ်တော့ဘဲ သူတို့ရဲ့ အသံတွေနဲ့ အမြင်တွေဟာ လျစ်လျူရှုခံရဖယွ် ရှိနေပါတယ်။” ဟု နိဂုံးချုပ်ပြောကြားသည်။          
U-Report အစီအစဉ် U-Report တွင် ပါဝင်နိုင်ရန် ဒီကို ဝင်ကြည့်ပါ - https://www.facebook.com/UReportMyanmar/ မေးခွန်းများနှင့် သတင်းအချက်အလက်များ ပေးပို့လာပြီးနောက် ရလဒ်အဖြေများကို ဒီမှာ စောင့်ဆိုင်းကြည့်ရှုပါ - https://myanmar.ureport.in/  
UNICEF in Myanmar  UNICEF အနေဖြင့် မြန်မာနိုင်ငံတွင် ၁၉၅၀ခုနှစ်ကတည်းက စတင် လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။ UNICEF အနေဖြင့် အစိုးရနှင့် လူမှုအခြေစိုက်အဖွဲ့များဖြင့် မိတ်ဖွဲ့ကာ ကလေးသေဆုံးမှုနှုန်း လျော့ချရေး၊ ကလေးများ အရည်အသွေးပြည့်ဝသော ပညာရေးကို သင်ကြားနိုင်စေရေးနှင့် ကလေးများအား အကြမ်းဖက်မှုမှကာကွယ်ရေး စသည့် လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်လျှက် ရှိသည်။ UNICEFနှင့်ပက်သက်၍ ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာများတွင် လေ့လာနိုင်ပါသည် -  Website: http://www.unicef.org/myanmar Facebook: https://www.facebook.com/unicefmyanmar  
ပိုမိုသိရှိလိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည် -  Htet Htet Oo, Communication Officer, Advocacy, Partnerships and Communication Section, UNICEF Myanmar, 09250075238, hoo@unicef.org  
See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo